ဒေါ်နယ်ထရမ့်က အမေရိကန်လူထုကို စိတ်ဝမ်းကွဲအောင်လုပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း စွပ်စွဲ

4-6-2020-yyl-003.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူထုကို စိတ်ဝမ်းကွဲအောင်လုပ်နေပြီး လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းစ်မက်တစ်က စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေကို ဒေါ်နယ်ထရမ့်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုက ဒေါသထွက်၊ တုန်လှုပ်ဖွယ်ကောင်းသလို ရင့်ကျက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် မရှိဘူးလို့ ဂျိမ်းစ်မက်တစ်က ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစစ်သည်တွေကို ဆုတ်ခွာခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ဂျိမ်းစ်မက်တစ်က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ရာထူးကနုတ်ထွက်ပြီးနောက်မှာ ဂျိမ်းစ်မက်တစ်က နှုတ်ဆိတ်နေခဲ့ပေမဲ့ အခုနောက်ဆုံးမှာတော့ ဒေါ်နယ်ထရမ့်အစိုးရကို ဝေဖန်ခဲ့ပါတယ်။

ကျွန်တော့်ဘဝမှာ အမေရိကန်ပြည်သူတွေ စည်းလုံးလာအောင် မကြိုးစားတဲ့ ပထမဆုံး သမ္မတကတော့ ဒေါ်နယ်ထရမ့်ပါပဲ။ ကြိုးစားသယောင်တောင် ဟန်မဆောင်သူပါ။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို စိတ်ဝမ်းကွဲအောင် ကြိုးစားနေပါတယ်”လို့ ဂျိမ်းစ်မက်တစ်က ပြောပါတယ်။ မေလ ၂၅ ရက်က မင်နီယာပိုလစ်မြို့မှာ ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအတွက် အမေရိကန်နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top