မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ အတူရှင်သန်နေထိုင်နေရသူ လူဦးရေ (၂) သိန်းကျော်ရှိ

28-6-2021-yyl-45.jpg

မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ အတူရှင်သန်နေထိုင်နေရသူ (၂၄၀,၀၀၀) ဝန်းကျင်ရှိပြီး အဲ့ဒီထဲက လူဦးရေ (၁၉၆,၉၉၅) ဝန်းကျင်က ART ဆေးသောက်သုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆီက သိရပါတယ်။

ART ဆေးသောက်သုံးနေတဲ့ လူဦးရေထဲက (၉၄) ရာခိုင်နှုန်းဟာ HIV ပိုးကောင်ရေကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်တုန်းက HIV ပိုးအသစ်ကူးစက်ခံရသူ (၂၈,၀၀၀) ရှိခဲ့ပြီး ၂၀၁၉ ခုနှဏ်မှာ HIV ပိုးကူးစက်ခံရသူ (၉,၈၀၀) ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာလည်း HIV ပိုးနဲ့အတူရှင်သန်နေထိုင်နေရသူ (၃၈) သန်းဝန်းကျင်ရှိနေပြီး အဲ့ဒီထဲက (၈၁) ရာခိုင်နှုန်းက မိမိကိုယ်မှာ HIV ပိုးရှိတာကိုသိရှိနေကြပါတယ်။

ဒါ့ပြင် မိမိကိုယ်မှာ HIV ပိုးရှိနေတာကို သိရှိနေသူတွေထဲက လူဦးရေ (၆၈) ရာခိုင်နှုန်းက ART ဆေးသောက်သုံးနေကြပြီး ဆေးသောက်သူတွေထဲက (၅၉) ရာခိုင်နှုန်းက HIV ပိုးကောင်ရေကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top