Confort Zone ကနေ ရုန်းထွက်ကြရအောင်

3-7-2020-yyl-037.jpg

Confort Zone ဆိုတာ လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့ အရာတစ်ခုခုအပေါ် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာဖြစ်ပါတယ်။ ဒါကကောင်းလားလို့ မေးလာရင်တော့ ကောင်းလည်းကောင်းပါတယ် ဒါပေမယ့် ကောင်းလည်းမကောင်းပါဘူးလို့ ဖြေရပါမှာပါပဲ။

ဘာကြောင့်ပါလဲ။ တစ်ခါတစ်ရံ Confort Zone ဟာ သင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပါပဲ။

ကျွန်တော်တို့တွေဟာ လူသားတွေပါ။ သင်လေ့လာမယ်ဆိုရင် လူသားတွေရဲ့သမိုင်းမှာ အမြဲဆင့်ကဲပြောင်းလဲမှုတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ သမိုင်းတွေထဲမှာ သိပ္ပံပညာရပ်တွေမှာ ဆေးပညာတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ လက်ရှိအနေအထားဟာ ဟိုးအရင် သမိုင်းမတင်ခင်ခေတ်က အခြေအနေနဲ့ လုံးဝကွာခြားနေတာ တွေ့ရမှာပါ။ ဒါဟာ လူသားတစ်ချို့ရဲ့အမြဲလေ့လာစမ်းသပ်မှုတွေ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကနေ ရလာတဲ့အသီးအပွင့်တွေလို့လဲ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ဟာလည်း တစ်ခုခုကို စမ်းသပ်လိုက်ဖို့ ဘာကြောင့်များ တွေဝေနေရတာလဲ။

တစ်ကယ်လို့ ဘဝအတွက် တစ်ခုခုတိုးတက်ပြောင်းလဲသွားမယ်ဆိုရင် ဘာအကြောင်းကြောင့် တွန့်ဆုတ်နေရမှာလဲ။ ဒီနေရာမှာ သံသယဆိုတာ ကောင်းကောင်းကြီးကို ဒုက္ခပေးတာပဲ။ တကယ်လို့များဆိုတဲ့ အတွေးဟာ ကျွန်တော်တို့ခေါင်းထဲမှာ ချာချာလည်နေပြီး မစရသေးခင်မှာပဲ နောက်ဆုတ်သွားစေတာပါပဲ။ အကြံပေးချင်တာကတော့ လုပ်ချထလိုက်ပါ။ သင် မသေသွားနိုင်ပါဘူး။ အသက်ရှင်နေသရွေ့ အခွင့်အလမ်းပေါင်းများစွာဟာ သင့်ရှေ့စောင့်ကြိုနေပါတယ်။ ဘဝမှာ မရှုံးနိမ့်ဖူးပဲနဲ့တော့ အနိုင်ရခြင်းဆိုတာရဲ့ အရသာအစစ်ကို သင်ဘယ်တော့မှာ ခံစားရမှာမဟုတ်ပါဘူး။

တစ်ကယ်တမ်းလည်း Confort Zone ကို ဖောက်ထွက်ရတာ စိတ်လှုပ်ရှားစရာအရမ်းကောင်းလှပါတယ်။ ကိုယ်လုပ်နေကျအရာတစ်ခုထက်ပိုပြီး ကိုယ်လုပ်နိုင်စွမ်းဆိုတာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရတာလောက် စိတ်ကျေနပ်စရာမရှိပါဘူး။ ငါဟာ ဒီထက်ပိုလုပ်နိုင်သားပဲဆိုတဲ့အတွေးဟာ ဘဝရဲ့အတားအဆီးတွေကို ဖြတ်သန်းတဲ့နေရာမှာ သတ္တိတွေ ပိုရှိလာနိုင်စေပါတယ်။ ဒါကြောင့် တစ်ခါလောက်ပဲဖြစ်ဖြစ် Confort Zone ထဲကနေ ဖောက်ထွက်ကြည့်ပါ။ သင့်ကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေကို ဖိနှိပ်မထားပဲ သွားခွင့်ပြုလိုက်ပါ။

EL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top