ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး ချိန်းတွေ့မယ့်သူရှာခဲ့တဲ့ အမျိုးသား

5-10-2022-yyl08.jpg

ချစ်သူရည်းစားမထားခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်က ချစ်သူကောင်မလေးရဖို့အတွက် ကြော်ငြာဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။ သူကတော့ အသက် ၂၃ နှစ်အရွယ် အက် ချက်မန်းဆိုသူပါ။ အက်က Dating App တွေကနေ အချစ်ကို ရှာဖွေခဲ့တယ်။ ဘားတွေ သွားပြီးတော့လည်း အချစ်ကို ရှာဖွေခဲ့ပေမဲ့ ချစ်သူရည်းစားမရဘဲ တစ်ကိုယ်တည်းနေခဲ့ရပါတယ်။

အဲဒီလိုရှာရတာ စိတ်ပျက်လာတာကြောင့် သူ့မျက်နှာပုံကြီးနဲ့ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး ချစ်သူကောင်မလေးရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကားလမ်းမဘေးမှာ “ကျွန်တော့်ကို တွဲပါ” ဆိုတဲ့ စာသားနဲ့ သူ့ရုပ်ပုံကြီးပါတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ထောင်ခဲ့ပါတယ်။ ကြော်ငြာဆိုင်းဘုတ်မှာ သူ့ဆီဆက်သွယ်လို့ရမယ့် အီးမေးလ်လိပ်စာပါရှိပါတယ်။

သူဟာ အချိန်အကြာကြီး တစ်ကိုယ်တည်းဖြစ်ခဲ့တယ်။ ချိန်းတွေ့လို့ရတဲ့အသက်အရွယ်လည်းရောက်နေပြီ။ ချစ်သူကောင်မလေးထားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အက်က ဆိုပါတယ်။ ကြော်ငြာဆိုင်းဘုတ်ထောင်ကတည်းက အသက် ၁၈ နှစ်ကနေ အသက် ၄၈ နှစ်ကြာ အမျိုးသမီးတွေဆီကနေ စာအနည်းငယ်လက်ခံရရှိခဲ့ပါတယ်။ ကြော်ငြာဆိုင်းဘုတ်စထောင်တဲ့နေ့မှာ သူနဲ့သင့်တော်တဲ့အမျိုးသမီးတစ်ယောက်ဆီကနေလည်း စာလက်ခံရရှိထားပြီးပါပြီ။

အက်က ကြော်ငြာအေဂျင်စီ 75media က ဝယ်ယူပြီး ကြော်ငြာဆိုင်းဘုတ်ထောင်ခဲ့တာပါ။ ကြော်ငြာဆိုင်းဘုတ်ကို ထောင်ထားပြီး ချစ်သူကောင်မလေးရှာဖို့ တစ်ပတ်ပဲ အချိန်ရပါတယ်။ အက်ရဲ့မိဘတွေက သူဒီလိုလုပ်တာကို သိရတော့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီအကြောင်းကို သူ့မိဘတွေကို ပြောမပြခဲ့ပေမဲ့ အခြားသူတွေဆီက သိသွားခဲ့တာပါ။ ချစ်သူကောင်မလေးရှာဖို့ ကြော်ငြာဆိုင်းဘုတ်ထောင်တာက ရယ်စရာကောင်းတယ်လို့ သူ့မိဘတွေက တွေးခဲ့ပေမဲ့ အခုလိုကြိုးစားပြီးရှာနေတဲ့အတွက် သူတို့တွေ ဝမ်းသာနေကြပါတယ်။

အခုဆို အက်က အမျိုးသမီး (၄) ယောက်နဲ့ စကားပြောကြည့်နေပြီး သူတို့ကလည်း သူနဲ့ ချိန်းတွေ့ချင်နေကြပါတယ်။ အက်က ပထမဆုံးအနေနဲ့ ချိန်းတွေ့ဖို့ နည်းနည်းတော့ စိတ်လှုပ်ရှားနေပါတယ်။

Ref: Metro “Man who’s never been on date buys billboard advert to find girlfriend”

WL( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top