ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော် ရှိလာ၊ ရက် ၅၀ အတွင်း လူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့

10-8-2020-yyl-020.jpg

ဘရာဇီးနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်လွန်သွားပါပြီ။ ဘရာဇီးဟာ အမေရိကန်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံး၊ သေဆုံးသူအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ရောဂါကူးစက်ပျံ့နှံ့မှု အတိုင်းအတာ သက်သာလျော့ပါးလာတဲ့ လက္ခဏာ မရှိသေးပါဘူး။

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ လအတွင်း လူ ၅၀၀၀၀ သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ်ရက် ၅၀ အတွင်းမှာပဲ နောက်ထပ် လူ ၅၀၀၀၀ ကျော် သေဆုံးခဲ့တာပါ။ ကူးစက်ခံရသူကတော့ ၃ သန်းကျော်ရှိပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေဆဲဖြစ်ပေမဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေကိုတော့ ပြန်ဖွင့်ထားပါပြီ။ သမ္မတဘော်ဆိုနာရိုကတော့ နိုင်ငံ့စီးပွားရေးကို ထိခိုက်စေမယ့် စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ ခါးခါးသီးသီး ငြင်းဆန်နေဆဲပါပဲ။

Ref: BBC ” Coronavirus: Brazil passes 100,000 deaths as outbreak shows no sign of easing”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top