ဆေးရုံပေါ်မှ လက်ထပ်ပွဲ

26.7.23-yyl-7.jpg

ပရက်စတန်နဲ့ တာနီရှာတို့က ဇူလိုင်လ ၂၂ ရက်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ဇွန်လ ၃၀ ရက်မှာပဲ မျှော်လင့်မထားတဲ့ အဖြစ်ဆိုးကြီး ကြုံခဲ့တယ်။ ပရက်စတန်က အလုပ်ထဲမှာ ချော်လဲပြီး သူ့ကိုယ်ပေါ်ကို ဓာတုဆေးရည်တွေ ဖိတ်ကျခဲ့လို့ ခန္ဓာကိုယ်ရဲ့ ၃ ပုံ၊ ၁ ပုံလောက် လောင်ကျွမ်းခဲ့တယ်။ အရေခွံတွေ ကွာချပြီး လက်ချောင်းတွေလည်း ဖြတ်ခဲ့ရတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ JMS Burn Center မှာ ကုသမှု ခံယူနေရတော့ ပရက်စတန်က မင်္ဂလာပွဲပျက်ပြီလို့ ထင်နေခဲ့တာပါ။ သူ့ရဲ့ဇနီးလောင်းက သူ့ကို လက်ထပ်ချင်ပါတော့မလားလို့လည်း တွေးပူခဲ့တယ်။ ဒါပေမဲ့ တာနီရှာက စိတ်မပြောင်းခဲ့ပါဘူး။ ပရက်စတန်ကို လက်ထပ်ဖို့ သဘောတူခဲ့တယ်။ ဆေးရုံမှာပဲ လက်ထပ်ပွဲလုပ်ဖို့ စိတ်ကူးခဲ့ကြတယ်။

သူတို့ရဲ့ စိတ်ကူးယဉ်မင်္ဂလာပွဲကို လက်တွေ့အကောင်အထည် ဖော်ပေးခဲ့သူကတော့ JMS Burn Center ရဲ့ သူနာပြုဆရာမ မေရီကွတ်ခ်ပါ။ အစားအစာတွေ၊ ပန်းတွေ၊ ဒီဂျေနဲ့ အခန်းအပြင်အဆင်ကို စီစဉ်ပေးခဲ့ပြီး ဆေးရုံအခန်းထဲမှာပဲ မင်္ဂလာဆောင်ပေးခဲ့တာပါ။

Ref: Couple get married in hospital burns unit after groom suffered horrific accident just before their wedding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top