ပထမဆုံး ဆုံတွေ့ခဲ့တဲ့ (၅) တန်းနှစ်စာသင်ခန်းမှာ စေ့စပ်ခဲ့ကြတဲ့ စုံတွဲ

14-11-2022yyl32.jpg

ဆိုင်မွန် ဂျန်ကင်စ်နဲ့ ဖီတွန် ဝိုင်ရ်တို့ရဲ့အချစ်ဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စတင်ခဲ့တာပါ။ အသက် ၁၁ နှစ်အရွယ် (၅) တန်းတက်တဲ့အချိန် သူတို့နှစ်ဦးပထမဆုံး ဆုံတွေ့ခဲ့ကြတာပါ။ (၁၀) နှစ်အကြာမှာတော့ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ စာသင်ခန်းမှာ စေ့စပ်ခဲ့ကြပါတယ်။

ဇွန်လ ၁၆ ရက်နေ့က ဆိုင်မွန် နဲ့ ဖီတွန်တို့ရဲ့ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်မြောက်ခဲ့တာပါ။ အဲဒီနေ့က ဖီတွန်က Dinner Date နဲ့ပဲ (၁၀) နှစ်ပြည့်ကို ဆင်နွှဲဖို့ လုပ်ထားခဲ့ပေမဲ့ သူတို့ တက်ခဲ့တဲ့ Johnson Elementary School ကို ဆိုင်မွန် ခေါ်လို့ ရောက်သွားခဲ့ပါတယ်။ Dinner Date မလုပ်ဘဲ ကျောင်းကို သွားခဲ့တဲ့အတွက် ဖီတွန် စိတ်ဆိုးလို့ ဆိုင်မွန် တောင်းပန်ခဲ့ရပါသေးတယ်။ ကျောင်းရောက်တော့ (၅) တန်းနှစ်စာသင်ခန်းမှာ ဆိုင်မွန်က ဖီတွန်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။

ဒီပွဲကို သူတို့ရဲ့ (၅)တန်းဆရာမကတောင် တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ သူ့ သား လက်ထပ်ခွင့်တောင်းဖို့ နည်းလမ်းရှာနေတာကို သိထားတဲ့ ဆိုင်မွန်ရဲ့မိခင်က ပွဲစီစဉ်သူဖြစ်တဲ့အတွက် အမှတ်ရနေစေမယ့် ပွဲဖြစ်အောင် တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ ဆိုင်မွန်နဲ့ ဖီတွန်တို့က ၂၀၂၃ ခုနှစ်မှာ လက်ထပ်ပွဲကျင်းပမှာဖြစ်ပါတယ်။

Ref: Upworthy & People “Couple who’ve been together for 10 years get engaged in fifth grade classroom where they first met”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top