COVID-19 လူနာတွေကို ထားတဲ့ ဂျပန်ဟိုတယ်တွေမှာ စက်ရုပ်တွေကို အသုံးပြုမယ်

30-4-2020-yyl-044.jpg

တိုကျိုမြို့အစိုးရဟာ ရောဂါလက္ခဏာ မဆိုသလောက်ပဲပြတဲ့ COVID-19 လူနာတွေ တည်းခိုနေတဲ့ ဟိုတယ်တွေမှာ စက်ရုပ်ဝန်ထမ်းတွေကို စတင်အသုံးပြုနေပါပြီ။ ပက်ပါလို့ အမည်ပေးထားတဲ့ လူသားတစ်ပိုင်းစက်ရုပ်နဲ့ ဝှစ်ဇ်လို့ အမည်ရတဲ့ ဖုန်စုပ်စက်ရုပ်တို့ဟာ တိုကျိုမြို့ရဲ့ ဟိုတယ် ၅ လုံးမှာ သူတို့ရဲ့တာဝန်တွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီစက်ရုပ် ၂ ခုလုံးကို SoftBank Robotics လို့ အမည်ရတဲ့ ဂျပန်လုပ်ငန်းစုက ဖန်တီးထားတာပါ။

ဆေးရုံတွေ ဝန်ထုပ်ဝန်ပိုးသက်သာစေဖို့ ရည်ရွယ်တဲ့ တိုကျိုအစိုးရဟာ ဧပြီလ ၁၇ ရက်က စတင်ပြီး ရောဂါလက္ခဏာ သိပ်မပြတဲ့ လူနာတွေကို သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ ပြောင်းလဲနေရာချထားခဲ့ပါတယ်။ လူနာတွေဟာ ဟိုတယ်မှာ သူတို့ကိုယ်တိုင် အမည်စာရင်းပေးသွင်းရပြီး ကိုယ့်အခန်းထဲမှာ ကိုယ်နေရပါတယ်။ သတ်မှတ်ထားတဲ့အချိန်တွေမှာ စားစရာလာယူဖို့အတွက် အောက်ထပ်ခန်းမဆောင်ကို တစ်နေ့ ၃ ကြိမ်ပဲ ဆင်းရပါတယ်။ အဲဒီအနေအထားက အရမ်းအထီးကျန်ဆန်လို့ စက်ရုပ်တွေ ရောက်လာရင် လူနာတွေ အပျင်းပြေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း တိုကျိုအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နာဆာတာကာဆုဂျီက ပြောပါတယ်။ COVID-19 လူနာတွေ ဖြတ်သန်းသွားလာနေတဲ့ အောက်ထပ်ခန်းမဆောင်ဟာ ရောဂါပိုးကူးစက်နိုင်ခြေအများဆုံး အနီရောင်ဇုန်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းတွေအတွက် အန္တရာယ်ရှိနိုင်တဲ့နေရာပါ။ စက်ရုပ်တွေက ဟိုတယ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ နာဆာတာကာဆုဂျီက ပြောပါတယ်။ အဲဒီဟိုတယ်တွေမှာ မြို့တော်အစိုးရဝန်ထမ်း ၁၅ ယောက်၊ အယောက် ၂၀ လောက်နဲ့ ဆရာဝန်တစ်ယောက်၊ သူနာပြု ၃ ယောက်က စောင့်ရှောက်ပေးလျက်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top