COVID-19 ရောဂါပိုး ရှိ၊ မရှိကို ပိုမိုစစ်ဆေးပေးနိုင်မယ့် Cabas 6800 စက်ကို ဒီနေ့အပြီးတပ်ဆင်သွားမယ်

27-4-2020-yyl-010.jpg

ရန်ကုန် ဧပြီ ၂၇

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို AA Medical Products Ltd က လှူဒါန်းထားတဲ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်နိုင်တဲ့ Cabas 6800 စက်ကို ဒီနေ့အပြီးတပ်ဆင်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစက်ဟာ ၈ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခု စစ်ဆေးနိုင်မှာဖြစ်တဲ့အတွက် တပ်ဆင်စစ်ဆေး တာတွေ ဆောင်ရွက်ပြီးလို့ အသုံးပြုလို့ရရင် COVID-19 ရောဂါပိုး ရှိ၊ မရှိ အရေအတွက်ကို ပိုမိုစစ်ဆေး ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Cabas 6800 စက်ကို ဧပြီ ၂၄ ရက်မှာ စတင်တပ်ဆင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ အခုလိုတပ်ဆင်မှုလုပ်ငန်းတွေ ပြီးစီးရင် အရည်အသွေးပြည့်ဝမှု စစ်ဆေးတာကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့အပြီးတပ်ဆင်မယ့် Cabas 6800 စက်ကို မေလ၊ ပထမပတ်မှာ စတင်အသုံးပြုပြီး COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးတာတွေကို ဆောင်ရွက်သွားနိုင်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်းထား ပါတယ်။

အဲဒီလိုဓာတ်ခွဲစစ်ဆေးတဲ့နေရာမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က လက်ရှိ ဆောင်ရွက်နေတဲ့ (Standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ ပြိုင်တူစစ်ဆေးမှုတွေကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo – MOHS
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top