Samsung မှ NEO QLED TV 2022 မော်ဒယ်များနှင့် Lifestyle TV မော်ဒယ်များအတွက် Carbon Trust ၏ ကာဗွန်လျှော့ချမှု အသိအမှတ်ပြုလက်မှတ် များ လက်ခံရရှိ

Photo_1.jpg

၁၆ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ Samsung Electronics Co., Ltd ၏ နောက်ဆုံးပေါ် ၂၀၂၂ ခုနှစ် မော်ဒယ် Neo QLED တီဗီများနှင့် Lifestyle တီဗီများသည် Carbon Trust ၏ ကာဗွန်လျှော့ချမှု အသိအမှတ်ပြုလက်မှတ် (‘Reducing CO2’ Certification) အား လက်ခံရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ Samsung သည် ၎င်းတို့၏ ထုတ်ကုန်များအား အလေးချိန်ပိုမိုပေါ့ပါးစေရန်နှင့် အသုံးပြုနေသည့်အချိန်တွင် စွမ်းအင် အသုံးပြုမှု ပိုမို နည်းပါးစေရန် အစရှိသဖြင့် ကာဗွန်ထုတ်လုပ်မှုများအား လျှော့ချရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် ယခုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရခြင်းလည်း ဖြစ်သည်။ ကာဗွန်ထုတ်လုပ်မှု လျော့နည်းသည့် အနာဂတ်တစ်ခု ပေါ်ပေါက်လာစေရန် အရှိန်အဟုန်မြင့် လုပ်ဆောင်နေသည့် ဂုဏ်သိက္ခာ ကြီးမားလှသော UK အခြေစိုက် ကမ္ဘာ့ရာသီဥတု ထိန်းသိမ်း ကာကွယ်စောင့်‌ရှောက်ရေး အကြံပေးအဖွဲ့အစည်း Carbon Trust သည် Samsung ၏ Neo QLED 8K တီဗီ မော်ဒယ် (၃) ခု၊ Neo QLED 4K တီဗီမော်ဒယ် (၃) ခု၊ QLED တီဗီမော်ဒယ် (၂) ခု၊ Lifestyle တီဗီမော်ဒယ် (၂) ခု နှင့် Crystal UHD တီဗီ မော်ဒယ် (၁) ခုတို့အား ကာဗွန်လျှော့ချမှု အသိအမှတ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် သက်ဆိုင်သည့် နည်းပညာပိုင်းဆိုင်ရာ တီထွင်လုပ်ဆောင်မှုများနှင့်အတူ ရေရှည်တည်တံ့သော အနာဂတ်တစ်ခု ‌တည်ဆောက်သွားရန်ဟူသည့် ရည်သန်ချက်နှင့် အညီ Samsung သည် အောက်ပါ နယ်ပယ် ကဏ်ဍအသီးသီးတွင် အရှိန်အဟုန်မြင့် လုပ်ဆောင်လျက်ရှိသည်။

  • ၂၀၂၅ ခုနှစ်တွင် မိုဘိုင်းနှင့် အိမ်သုံးလျှပ်စစ် ထုတ်ကုန်အားလုံးတွင် Recycled Materials များ ပြန်လည်အသုံးပြုမှု ပိုမို တိုးချဲ့လုပ်ဆောင်ရန်
  • သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန်အတွက် ထုတ်ကုန်အသီးသီးတွင် Eco-Packaging ထုပ်ပိုးမှုများ အသုံးပြုသွားရန်
  • သဘာဝပတ်ဝန်းကျင် စွန့်ပစ်ပစ္စည်းများ ပိုမိုလျော့နည်းလာစေရန်အတွက် ၂၀၂၂ ခုနှစ်တွင် တီဗီမော်ဒယ်များအားလုံး၌ SolarCell Remote များ အသုံးပြုရန်
  • ရေထုညစ်ညမ်းမှု နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန်အတွက် Samsung ၏ ၂၀၂၂ ခုနှစ်ထုတ် High Resolution Monitor S8 ထုတ်ကုန်များတွင် သမုဒ္ဒရာမှစွှန့်ပစ်ပလက်စတစ်များ အသုံးပြု သွားရန်

“ကျွန်တော်တို့ Samsung ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ လှုပ်ရှားမှုတွေအတွက် Carbon Trust လို ဂုဏ်သိက္ခာကြီးမားလှတဲ့ အဖွဲ့အစည်းကနေ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့တဲ့အတွက် တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ၁၆ နှစ်ဆက်တိုက် ဈေးကွက်ဦးဆောင်သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့ Samsung အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ နေထိုင်မှုပုံစံ မြှင့်တင်ပေးနိုင်ဖို့နဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို ပေးအပ်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ရည်သန်ဆောင်ရွက်နေတဲ့နည်းတူ တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေအတွက် အကျိုးရှိစေမယ့် ရေရှည် တည်တံ့မှု ရှိတဲ့ တီထွင်ဆန်းသစ်မှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ လာမယ့် အနာဂတ်မှာလည်း Samsung အနေနဲ့ ‘Go Green’ ရည်မှန်းချက်နဲ့ သင့်တော်မှုအရှိဆုံး ရေရှည်တည်တံ့ခိုင်မြဲမှုရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ယခု ၂၀၂၂ ခုနှစ် အစောပိုင်းတွင် Samsung Myanmar သည် ယခု ဆုရရှိခဲ့သည့် Neo QLED 4K တီဗီ အမျိုးအစားများအား မြန်မာ နိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။ (တီဗီအရွယ်အစားများနှင့် ဈေးနှုန်းအသေးစိတ်များအား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်) အထက်တွင်ဖော်ပြထားသည့် ရည်သန်ချက်များ နှင့်အတူ တည်ဆောက်ထားသည့် Samsung Neo QLED 4K တီဗီမော်ဒယ်များတွင် ဘက်ထရီအသုံးပြုမှု လျှော့ချနိုင်ရန် ရည်ရွယ်ချက်နှင့် အလိုအလျောက် ပြန်လည်အားသွင်းနိုင်သော self-charging solar panels များ ပါဝင်သည့် SolarCell Remote နှင့် စွမ်းအင် အသုံးပြုမှုကို ၈၆ % အထိ လျှော့ချပေးနိုင်သည့် low-power mode လုပ်ဆောင်ချက်များ ပါရှိသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်ချက်နှင့်အညီ Neo QLED 4K တီဗီများ၏ ထုတ်ပိုးမှုအားလုံးတွင် Eco-Packaging စနစ်ကိုလည်း အသုံးပြုပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် အဆိုပါ ထုတ်ပိုးမှုများအား ကြောင်များအတွက် နေအိမ် စသည့် အခြားသော လှပသည့် ပရိဘောဂများအဖြစ် ပြန်လည် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ဤကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့်သက်ဆိုင်သည့် လုပ်ဆောင်ချက်များအပြင် Samsung Neo QLED 4K တီဗီများ တွင် အပါးလွှာဆုံးသော ဘေးဘောင်နှင့် Infinity O မျက်နှာပြင်၊ ပြင်ပလောကတွင် ဖြစ်ပျက်နေသကဲ့သို့ ကြည့်ရှုခံစားနိုင်စေမည့် Neo Quantum Processor 4K နှင့် Local Brightness Booster လုပ်ဆောင်ချက်များဖြင့် ဖွဲ့စည်းတည်ဆောက် ပေးထားသည်။ ပါးလွှာရိုးရှင်းစွာ ဖွဲ့စည်းတည်ဆောက်ထားသည့်တိုင် ဤ Samsung Neo QLED 4K တီဗီများတွင် မျက်နှာပြင် ၄ ခုအထိ ခွဲခြမ်း၍ ကြည့်ရှုသွားနိုင်မည် ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားသော Quantum Matrix Technology Pro နှင့် AI Upscaling Technology လုပ်ဆောင်ချက်များနှင့်အတူ ရုပ်ရှင်ကြည့်ရှုခြင်းများနှင့် ဂိမ်းကစားခြင်းများအား ကြည်လင် ပြတ်သားမှု အရှိဆုံးနှင့် အထစ်အငေါ့ မရှိ အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။ထို့အပြင် Samsung Neo QLED 4K တီဗီများတွင် သုံးစွဲသူများအနေနှင့် အားကစားလုပ်ဆောင်မှုများအား အချိန်နှင့် တပြေးညီ ကြည့်ရှုသွားနိုင်မည့် Samsung Health လုပ်ဆောင်ချက် လည်းပါရှိသည့်အတွက် Galaxy Watch4 ကဲ့သို့ အခြားသော ထုတ်ကုန်များနှင့် ချိတ်ဆက်၍ အဆင်ပြေ လွယ်ကူမှု အပြည့်ဖြင့် လေ့ကျင့်ခန်းများအား လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top