(၁)နှစ်ကျော်ကြာ ထီအတူတူထိုးခဲ့ရမှ ဒေါ်လာ (၆) သန်းတန်ထီပေါက်သွားခဲ့ပြီဖြစ်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း (၄) ဦး

12-11-2020-yyl-032.jpg

ကနေဒါနိုင်ငံ၊ Royal Columbian Hospital က ဆေးဘက်ဆိုင်ရာဝန်ထမ်း (၄) ဦးဟာ (၁) နှစ်ကျော်ကြာ ထီအတူတူထိုးခဲ့ပြီးနောက် မကြာသေးခင်ကမှ ထီဆုကြီးပိုင်ဆိုင်ခဲ့ရပါပြီ။ ဟီဝန်ချွိုင် (Heewon Choi)၊ မီလာနီ နိုလန် (Melanie Nolan) နဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် (၂) ဦးတို့က British Columbia Lottery Corporation (BCLC) ကနေ ဒေါ်လာ ၆ သန်းတန် ထီကြီးကို ပေါက်သွားခဲ့တာဖြစ်ပါတယ်။

သူတို့ (၄) ဦး ထီပေါက်ခဲ့တာ ဟောလိုဝင်းနေ့က ဖြစ်ပေမဲ့ မနေ့က (ဗုဒ္ဓဟူးနေ့) မှ BLCL က ထုတ်ပြန်ကြေညာခဲ့တာပါ။ ထုတ်ပြန်ကြေညာချက်မှာ “သူတို့အဖွဲ့က (၁) ကျော်လောက် အတူတူထီထိုးနေကြဖြစ်ပြီး ထီနံပါတ်ရွေးချယ်ဖို့အတွက် သူတို့ရဲ့မွေးနေ့ (ဒါမှမဟုတ်) နှစ်ပတ်လည်နေ့တွေကို မကြာခဏယူပြီးထိုးတယ်” လို့ဆိုပါတယ်။ အဖွဲ့ခေါင်းဆောင် ဟီဝန်က BLCL Lotto အက်ပလီးကေးရှင်းကို အသုံးပြုပြီး ထီတိုက်ကြည့်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ထီတိုက်နေတဲ့အချိန်မှာ သူ အလုပ်မှာ ရှိနေတာပါ။ ထီပေါက်တာလည်းတွေ့ရော ဘေးနားမှာရှိနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်မီလာနီကို ပြခဲ့ပါတယ်။ “ကျွန်မ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ချက်ချင်းပဲ ကျွန်မရဲ့ဘေးမှာ ထိုင်နေတဲ့ မီလာနီကို ပြလိုက်တယ်” လို့ ဟီဝန်က ပြောပါတယ်။

အစက ထီလက်မှတ်ကို ဟီဝန်ပြတော့ ဒေါ်လာ ၆၀၀၀ တန်ထီလို့ ထင်ခဲ့တာဖြစ်ကြောင်း မီလာနီက ဆိုပါတယ်။ တကယ်တော့ ထီလက်မှတ်က ဒေါ်လာ ၆၀၀၀ ထက်တောင် အဆပေါင်းများစွာပိုများတဲ့ ဒေါ်လာ ၆ သန်းဖြစ်နေပါတယ်။ သူတို့နဲ့အတူတူ ထိုးခဲ့တဲ့ အခြားလုပ်ဖော်ကိုင်ဖက် (၂) ဦးကို ပြောတော့လည်း သူတို့က စနေတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒေါ်လာ ၆ သန်းပေါက်မှန်းလည်းသိရော သူတို့မိသားစုဝင်တွေပါ အံ့အားသင့်ခဲ့ကြရပါတယ်။

“မီလျံနာတစ်ယောက်ဖြစ်ဖို့ ကျွန်မ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တယ်။ ကျွန်မ အိပ်မက်မက်နေသလိုပါပဲ”လို့ ဟီဝန်က ပြောပါတယ်။ သူတို့က အတူတူညစာစားပြီး ဂုဏ်ပြုပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ မီလာနီကတော့ သူ့ရဲ့ငွေတွေကို ကျောင်းဆက်တက်ဖို့အသုံးပြုမှာဖြစ်တဲ့အပြင် တချို့ကိုတော့ Royal Columbian Hospital Foundation ကို လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ သူတို့တွေ ဆုငွေကို ခွဲယူဖို့အတွက် Group Play Agreement Form ရှိတာကြောင့် လွယ်ကူတယ်လို့ BLCL က ဆိုပါတယ်။

Ref: CBSNews “Four hospital workers win $6 million after playing the lottery together for a year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top