အိမ်မှုကိစ္စလုပ်တဲ့ကလေးတွေက အခြားကလေးတွေနဲ့ယှဉ်ရင် ပိုပြီးအောင်မြင်နိုင်မလား

housewife_003.jpg

အိမ်မှုကိစ္စလုပ်တဲ့ကလေး

မိဘတွေက သားသမီးတွေကို အိမ်သန့်ရှင်းရေးလုပ်နော်လို့ ပြောလိုက်ရင် ကလေးတွေက ဘယ်လိုတုံ့ပြန်ကြမလဲ။ တချို့ကလေးတွေက အိမ်သန့်ရှင်းရေးလုပ်ရမှာ၊ အိမ်မှုကိစ္စလုပ်ရမှာကို ပျင်းစရာကြီးလို့ သတ်မှတ်ပြီး အိမ်အလုပ်လုပ်ခိုင်းရင် ငြင်းတတ်ကြပါတယ်။ တကယ်တော့ အိမ်မှုကိစ္စလုပ်တဲ့ကလေးတွေက အောင်မြင်တဲ့သူတွေဖြစ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

“How To Raise An Adult” ရဲ့ စာရေးဆရာ ဂျူလီ လင်ကော့တ် ဟိုင်းမ် (Julie Lythcott Haims) က အချိန်အကြာကြီးလုပ်ဆောင်ခဲ့ရတဲ့ သုတေသနပြုချက်က ဒေတာတွေကို မျှဝေခဲ့ပါတယ်။ ကလေးတွေကို အိမ်မှုကိစ္စလုပ်ခိုင်းတာက ဒီအလုပ်က ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဆိုတာကို သူတို့လေးတွေနားလည်လာစေမယ်လို့ ဆိုပါတယ်။

အိမ်မှုကိစ္စလုပ်တဲ့ကလေး

အိမ်မှုကိစ္စလုပ်တဲ့ကလေး

မိဘတွေက ကလေးတွေလုပ်ရမယ့်အရာတွေကို သူတို့ကိုယ်တိုင်လုပ်ပေးတဲ့အခါ ကလေးတွေက သူတို့ရဲ့အလုပ်တွေကို အခြားသူတွေလုပ်တာ အဆင်ပြေပါတယ်လို့ ခံယူထားမိသွားစေပါတယ်။ ဒါ့အပြင် အိမ်မှုကိစ္စကို ဘယ်လိုလုပ်ရလဲဆိုတာကို သင်ယူဖို့လည်း စိတ်ပါဝင်စားတော့မှာမဟုတ်ပါဘူး။ အိမ်မှုကိစ္စလုပ်တဲ့ကလေးတွေက အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အောင်မြင်တဲ့ဝန်ထမ်းအဖြစ် ကြီးပြင်းလာကြပြီး အခြားသူတွေကိုလည်း စာနာပေးတတ်လာမှာပါ။ အလုပ်တာဝန်တွေကို တစ်ယောက်တည်းယူရမှာလည်း ကြောက်မှာမဟုတ်ဘူးလို့ ဂျူလီက ဆိုပါတယ်။

ဒါကြောင့်မို့ မိဘတွေက ကလေးတွေကို ထိန်းကျောင်းတဲ့အခါမှာ ထိန်းကျောင်းနည်းမှန်ဖို့ လိုပါတယ်။ အခုခေတ်မိဘတွေက ကလေးတွေကို ဘာအလုပ်မှမလုပ်စေချင်ဘဲ သူတို့ရဲ့မျက်စိရှေ့မှာပဲ ထားချင်ကြတာဖြစ်ပါတယ်။ မိဘတွေက ကလေးကို အစစအရာရာလိုက်လုပ်ပေး၊ ကာကွယ်ပေးနေမယ်ဆိုရင် အဲ့ဒီကလေးက အောင်မြင်မှုရရှိနိုင်မှာမဟုတ်ဘူးလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

အိမ်မှုကိစ္စလုပ်တဲ့ကလေး

အိမ်မှုကိစ္စလုပ်တဲ့ကလေး

မိဘတွေက ကလေးတွေကို စိန်ခေါ်မှုတွေမှာ ပါဝင်ဆင်နွှဲစေသင့်ပါတယ်။ ကလေးတွေကို အရေးကြီးတဲ့ဘဝသင်ခန်းစာတွေ သင်ကြားပေးဖို့က မိဘတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

Ref: TOI “Kids who do household work are more successful! Parents, are you hearing?”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top