ထိုင်းကလေးတွေ ပိတ်မိနေတဲ့ လိုဏ်ဂူအတွင်း အင်တာနက်လိုင်း တပ်ဆင်

thai-kids.jpg

ထိုင်းအာဏာပိုင်တွေဟာ ဘောလုံးအသင်းက ကလေးငယ် ၁၂ ဦးနဲ့ နည်းပြတို့ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း လိုဏ်ဂူအတွင်း အင်တာနက်ဖိုင်ဘာလိုင်းတပ်ဆင်ဖို့အတွက် ထိုင်းရေတပ် အထူးတပ်ဖွဲ့နဲ့ အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။

ဆက်သွယ်ရေးပညာရှင် ကွီဒန်က ရေမြှပ်နေတဲ့ လိုဏ်ဂူအတွင်း အင်တာနက်လိုင်းတွေ တပ်ဆင်နိုင်ခဲ့ရင် လိုဏ်ဂူအတွင်းနဲ့အပြင် ဖုန်းပြောနိုင်မယ်လို့ ပြောခဲ့ပါတယ်။ အင်တာနက်လိုင်းတပ်ဆင်နိုင်ရင် လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ လိုဏ်ဂူအပြင်ဘက်က မိဘ၊ ဆွေမျိုးတို့ ကြား စကားပြောဆိုဆက်သွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ အင်တာနက်လိုင်းတပ်ဆင်မှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လုပ်ခဲ့ပေမဲ့ ရေကြီးနေတာကြောင့် လိုင်းကြိုးတွေ ပျက်စီးခဲ့ပါတယ်။ ထိုင်း ရေတပ်အထူးအဖွဲ့ဟာ လိုဏ်ဂူအတွင်း ကလေးငယ်တွေနဲ့ နည်းပြတို့ ကျန်းမာရေးကောင်းမွန်စွာရှိနေပုံကို ရုပ်သံရိုက်ကူးပြီး ပြခဲ့ပါတယ်။

ထိုင်းကလေးငယ်တွေနဲ့ နည်းပြတို့ဟာ ဇွန် ၂၃ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင် ၂ ရက်နေ့မှာ ပြန်တွေ့ခဲ့ကာ လေးငယ်တွေကို အပြင်ကို ဘေးကင်းစွာပြန်ထုတ်နိုင်ဖို့ လေ့လာမှုတွေလုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ကလေးငယ်တွေကို အပြင်ကို ထုတ်နိုင်ဖို့ ရေကူးနဲ့ ရေငုပ်သင်ပေးနေပြီလို့ သိရပါတယ်။ ဒါ့အပြင် လိုဏ်ဂူအတွင်းရှိနေတဲ့ရေတွေ လျော့နည်းသွားအောင် ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေတယ်လို့သိရပါတယ်။

 

Ref : Fox news – Thais work to install internet in flooded cave

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top