နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်ရဲ့အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာမယ့် ရီရှီဆူနက်

25-10-2022-yyl-42.jpg

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ရီရှီဆူနက်ဟာ နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။ ၁၈၁၂ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ လီဗာပူးနယ်စား ရောဘတ်ဘန့်ခ် (အသက် ၄၂ နှစ်အရွယ်တွင် ခန့်အပ်ခံရ)နောက်ပိုင်း ဆူနက်က အသက်အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

အသက် ၄၂ နှစ်အရွယ်ရှိတဲ့ ရီရှီဆူနက်ဟာ အာရှနွယ်ဖွား ဗြိတိန်နိုင်ငံသားတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ခန့်အပ်ခံရသူလည်း ဖြစ်လာမှာပါ။ ဆူနက်ဟာ ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်ကာ ချားစ်ဘုရင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ကျရင် ဒေါင်းနင်းလမ်းနေအိမ်အပြင်ဘက်မှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံဟာ သီတင်းပတ် ၇ ပတ်အတွင်း ဝန်ကြီးချုပ် ၃ ဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဆူနက်အနေနဲ့ နှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှုအမြင့်မားဆုံး ဖြစ်နေတာကို ကိုင်တွယ်ဖြေရှင်းရမှာပါ။

ပြီးခဲ့တဲ့တနင်္လာနေ့က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်မှာ ဆူနက်က ” ဗြိတိန်နိုင်ငံဟာ ရှုပ်ထွေးပွေလီတဲ့ စီးပွားရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်”လို့ သတိပေးခဲ့ပေမဲ့ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

လေဘာပါတီ၊ စကော့တလန်အမျိုးသားပါတီ၊ လစ်ဘရယ်ဒီမိုကရက်ပါတီနဲ့ ဂရင်းပါတီတို့က အထွေထွေရွေးကောက်ပွဲကို အချိန်စောကျင်းပပေးဖို့ တောင်းဆိုနေကြပေမဲ့ ဆူနက်ကတော့ အချိန်စော ကျင်းပဖို့ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

Ref: Rishi Sunak to take over as PM after meeting King Charles

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top