ဗီယက်နမ်က တိရစ္ဆာန်ဥယျာဉ်မှာ လူဝံတစ်ကောင် ဆေးလိပ်သောက်နေတာကို မြင်တွေ့ခဲ့ရ

24-6-2022-yyl15.jpg

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က Saigon တိရစ္ဆာန်ရုံနဲ့ ရုက္ခဗေဒဥယျာဉ်မှာ လူဝံတစ်ကောင်က လူတွေလုပ်သလို ဆေးလိပ်တစ်လိပ်ကို တစ်ဖွာပြီးတစ်ဖွာ ဖွာနေတာကို တွေ့ခဲ့ရပါတယ်။ လူဝံက မြေပြင်မှာ ထိုင်ပြီး ဆေးလိပ်ကို သူ့ရဲ့လက်ချောင်းတွေကြား ထည့်ကာ သောက်နေတာကို ပုံတွေမှာ မြင်တွေ့ရပါတယ်။ ဆေးလိပ်အငွေ့တွေကို အထင်သားတွေ့ရမှာပါ။

ဗီယက်နမ်နိုင်ငံ၊ Saigo တိရစ္ဆာန်ဥယျာဉ်က လူဝံကြီး
ဆေးလိပ်ဖွာနေတဲ့ လူဝံကြီး

လူဝံက ဆေးလိပ်သောက်တဲ့လူတစ်ယောက်ကို မြင်ပြီး အတုခိုးသောက်တာဖြစ်နိုင်ပါတယ်။ ဆေးလိပ်ဖွာပြီးသွားတော့ ဆေးလိပ်သောက်တဲ့လူတွေလုပ်သလို မြေပြင်မှာ ဆေးလိပ်ကို ဖိခြေပြီး မီးငြိမ်းသတ်ခဲ့ပါသေးတယ်။ ဆေးလိပ်မီးငြိမ်းရဲ့လား သေချာကြည့်ပြီးမှ ဆေးလိပ်တိုကို လွှတ်ပစ်လိုက်ပါတယ်။ လူဝံရဲ့ဆေးလိပ်သောက်တဲ့ပုံကို ကြည့်ရတာ သောက်ဖူးနေကြပုံလိုဖြစ်နေပါတယ်။

ဆေးလိပ်အငွေ့တွေကို အထင်သားမြင်နေရ
ဆေးလိပ်ဆက်ပြီး ဖွာနေတဲ့ လူဝံကြီး

Saigon တိရစ္ဆာန်ဥယျာဉ်ရဲ့ တာဝန်ရှိသူတစ်ဉီးက အဲဒီလူဝံကို ဆေးလိပ်ပေးခဲ့တာမျိုးမရှိဘူးလို့ ပြောပါတယ်။ လူဝံက လာရောက်လည်ပတ်သူတစ်ဉီး လွှတ်ပစ်လိုက်တဲ့ ဆေးလိပ်ကို တွေ့ပြီး သောက်တာဖြစ်နိုင်တယ်လို့ တိရစ္ဆာန်ဥယျာဉ်က ကောက်ချက်ချခဲ့ပါတယ်။ “လူတွေက တိရစ္ဆာန်တွေရဲ့လှောင်အိမ်တွေထဲကို ပစ္စည်းတွေ မကြာခဏလွှတ်ပစ်ကြတယ်။ လူဝံက အဲဒါတွေကို လူတွေ ဘယ်လိုအသုံးပြုလဲဆိုတာကို ကြည့်ပြီး အရာဝတ္ထုတွေအသုံးပြုနည်းကို သင်ယူတယ်”လို့ တာဝန်ရှိသူက ပြောပါတယ်။

ဆေးလိပ်ကို ဖိခြေပြီးမီးငြိမ်းသတ်နေပုံ

လူမှုကွန်ယက်မှာ ဆေးလိပ်သောက်နေတဲ့ လူဝံကြီးရဲ့ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးနောက် တိရစ္ဆာန်ဥယျာဉ်လုံခြုံရေးဝန်ထမ်းတွေဟာ ဖြစ်ပျက်နေတာတွေကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေးဖို့ အချိန်မရှိပေမဲ့ တိရစ္ဆာန်တွေမှာ အခုလိုအခြေအနေမျိုးထပ်မဖြစ်အောင် ပိုပြီးသတိထားနေပါတယ်လို့ Saigon တိရစ္ဆာန်ဥယျာဉ်က ဆိုပါတယ်။

Ref: Ladbible “Critically Endangered Orangutan Seen Smoking At Zoo In
Shocking Footage”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top