တရုတ်စစ်တပ်မှာ ပါဝင်ခဲ့ဖူးတာကို ဖုံးကွယ်ထားခဲ့လို့ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသား ၄ ယောက်ကို ဗီဇာလိမ်လည်လျှောက်ထားမှုနဲ့ စွဲချက်တင်

23-7-2020-yyl-026.jpg

တရုတ်စစ်တပ်မှာ တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကို လိမ်ညာခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသား ၄ ယောက်ကို ဗီဇာလိမ်လည်လျှောက်ထားမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ လူသုံးယောက်ကို ဖမ်းဆီးထားပြီး နောက်တစ်ယောက်ကိုတော့ FBI က ရှာဖွေနေဆဲပါ။ သူဟာ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးထဲမှာ ရှိနေတယ်လို့ ဆိုကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ မြို့ ၂၅ မြို့မှာနေထိုင်ပြီး တရုတ်စစ်တပ်နဲ့ လျှို့ဝှက်ပတ်သက်ဆက်နွှယ်မှု ရှိနေတဲ့သူတွေကို FBI အေးဂျင့်တွေက မေးမြန်းမှုတွေလုပ်နေပါတယ်။ အဲဒီသူတွေဟာ အမေရိကန်နိုင်ငံကို စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေ စေလွှတ်တဲ့ တရုတ်နိုင်ငံရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLA)ရဲ့ တပ်ဖွဲ့ဝင်တွေဟာ တရုတ်စစ်တပ်နဲ့ပတ်သက်မှုကို ဖုံးကွယ်ထားပြီး သုတေသနဗီဇာတွေ လျှောက်ထားခဲ့ကြတယ်လို့ အမေရိကန်တရားရေးဌာန ရှေ့နေ ဂျွန်စီဒီမာက ပြောပါတယ်။

” ဒါဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အခွင့်ကောင်းယူပြီး ပညာရေးအဖွဲ့အစည်းတွေကို ထိခိုက်အောင်လုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ နောက်ထပ်အစီအစဉ်တစ်ခုပါ”လို့ ဂျွန်စီဒီမားက ပြောပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ ကောင်စစ်ဝန်ရုံးမှာ တရုတ်သိပ္ပံပညာရှင်တစ်ယောက် ခိုလှုံနေတယ်လို့ ကြေညာခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့တစ်ရက်ကလည်း ဉာဏမူပိုင်ခွင့်ခိုးယူရာမှာ ပါဝင်နေတယ်ဆိုတဲ့ ဟူစတန်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top