အသက် ၃၀ မှာ အသားရေကောင်းမွန်ဖို့ လိုက်နာသင့်တဲ့ အခြေခံအချက်တွေ

28-4-2022-yyl-05.jpg

အသက်အရွယ်က ကိန်းဂဏန်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့အသားရေကို ဂရုစိုက်ထိန်းသိမ်းမှုမရှိရင်တော့ အဲဒီစကားနဲ့ ကိုက်ညီမှာမဟုတ်ပါဘူး။ အသက် ၃၀ အရွယ်ရောက်လာတာနဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို ခံစားရလေ့ရှိပါတယ်။ ဆံပင်ဖြူလာတာ၊ အစာခြေစနစ်ပြဿနာ၊ ပင်ပန်းနွမ်းလျတာကို ခံနိုင်ရည်မရှိတာအပြင် အရေပြားက အာဟာရတွေဆုံးရှုံးလာပြီး ပြောင်းလဲလာပါတယ်။ အစက်အပြောက်တွေ၊ အရေးအကြောင်းလို အိုမင်းရင့်ရော်ခြင်းရဲ့ ပုံမှန်လက္ခဏာတွေကို တွေ့လာရပါတယ်။ အသက် ၃၀ မှာ Collagen ဓာတ်တွေ တဖြည်းဖြည်းဆုံးရှုံးလာရင်ပြီး အမဲစက်နဲ့ နေလောင်ဒဏ်တွေ ပိုဖြစ်လွယ်ပါတယ်။

အိုမင်းရင့်ရော်တာက သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ နေရောင်ခြည်နဲ့ လေထုညစ်ညမ်းတာတွေလို ပြင်ပအကြောင်းတရားတွေအပြင် ကျန်းမာရေးနဲ့မညီညွှတ်တဲ့ စားသောက်မှုအလေ့အထတွေ၊ စိတ်ဖိစီးတာနဲ့ ဘေးဖြစ်တဲ့ အသားရေထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန်တွေလို အကြောင်းတရားတွေက သင့်ခန္ဓာကိုယ်ထက် အသားရေကို မြန်မြန် အိုမင်းရင့်ရော်စေပါတယ်။ မှန်ကန်တဲ့အာဟာရတွေဖြည့်ပေးခြင်းဖြင့် အရေပြားကျန်းမာရေးကောင်းမွန်အောင်လုပ်နိုင်သလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေ ရပ်တန့်အောင်လည်း လုပ်လို့ရပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေ မဖြစ်ဖို့အတွက် အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

အခြေခံအချက်တွေကို အရင်လုပ်ပါ။

သင်စားတဲ့အရာက သင့်အသားအရေအတွက် အရေးကြီးပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးပြီး အလွန်ပြုပြင်ဖန်တီးထားတဲ့ အသင့်စားအစားစာတွေကို ရှောင်ကျဉ်တာက အရေးပြားကျန်းမာရေးအပါအဝင် အလုံးစုံကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို ရေ ၂-၃ လီတာ သောက်သုံးပါ။ ရေက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အရေပြားကို အစိုဓာတ်ထိန်းပေးကာ အရေပြားရဲ့ ဆန့်ကျုံ့နိုင်စွမ်းကို ထိန်းသိမ်းပေးပါတယ်။ အသားအရေ ခြောက်သွေ့တာကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပိုကောင်းတဲ့အသားရေရဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးဖို့လည်း အရေးကြီးပါတယ်။ အရေပြားကို ထိခိုက်စေတဲ့ ဆေးလိပ်သောက်တာကိုလည်း ရှောင်ကျဉ်ပါ။

အိုမင်းရင့်ရော်ခြင်းနှောင့်နှေးဖို့အတွက် Collagen ဓာတ်ဖြည့်ပေးပါ

အသက်ကြီးလာတာနဲ့ တခြားပြင်ပအချက်တွေနဲ့အတူ ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းသွားပါတယ်။ ကော်လဂျင်က သင့်အသားရေကို ကျန်းမာသန်စွမ်းစေပြီး နုပျိုစေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ကော်လဂျင်ပမာဏမလျော့နည်းဘူးဆိုရင် သင့်အသားရေက သဘာဝအတိုင်း တင်းရင်းပြီး နုပျိုလာပါလိမ့်မယ်။ အသက် ၃၀ အရွယ်ရောက်လာတာနဲ့ သင့်ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှုကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်စီဓာတ်မြင့်မားတဲ့ အပင်အခြေခံအစားအစာတွေနဲ့ အပင်အခြေခံတဲ့ ကော်လဂျင်ဖြည့်စွက်စာတွေကို စားပေးဖို့ အရေးကြီးပါတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတဲ့ အပင်အခြေခံအလှကုန်ပစ္စည်းတွေကိုလည်း အသုံးပြုပေးသင့်ပါတယ်။

SPF လည်း မပါမဖြစ်ပါ

သင့်အသားရေအတွက် နေရောင်ဒဏ်ကာကွယ်ပေးတဲ့ Sunscreen ကလည်း သင့်အသက် ဘယ်လောက်ဖြစ်ဖြစ် မရှိမဖြစ်လိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့ ပိုပြီး အရေးကြီးလာပါတယ်။ နေပူတာဖြစ်စေ နေမပူတာဖြစ်စေ Sunscreen က အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ Sunscreen ကို နေ့တိုင်းအသုံးပြုဖို့ ကျွမ်းကျင်ပညာရှင်အများစုက အကြံပြုထားကြပါတယ်။ ခရမ်းလွန်ရောင်ခြည်က နေလောင်တာ၊ အမဲစက်၊ အရေးအကြောင်းတွေလို အသားရေပြဿနာတွေဖြစ်စေနိုင်ပါတယ်။

မျက်နှာကို နှိပ်နယ်ပေးပါ

သင့်အသားရေအတွက် နေ့တိုင်း မျက်နှာနှိပ်နယ်ဖို့အတွက် အချိန်တော့ ပေးသင့်ပါတယ်။ ဒါမှ သင့်ကိုဘ်တိုင် အကျိုးကျေးဇူးကို ခံစားရမှာပါ။ မျက်နှာနှိပ်နယ်ပေးတာက သွေးလည်ပတ်မှုတိုးစေတာ၊ ဆဲလ်တွေလည်ပတ်မှုကို နှိုးဆွပေးတာ၊ ကြွက်သားတင်းမာမှုကို သက်သာစေတာအပါအဝင် အရေပြားအကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။ သင် အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေကို စုပ်ယူမှုအားကောင်းစေဖို့လည်း ကူညီပေးပါတယ်။

Ref: Taking care of your skin in 30s

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top