အဝေးပြေးလမ်းလယ်မှာ ဆယ်ဖီဆွဲလို့ သေဆုံးသွားတဲ့ စကောတလန်နိုင်ငံသား

3957.jpg

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံကို အလည်အပတ်သွားတဲ့ စကော့တလန်လူမျိုး လူငယ်တစ်ဦးဟာ အမြန်လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ဆယ်ဖီဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းလှစွာဘဲ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။


Dean Steele အမည်ရတဲ့ စကော့တလန်လူငယ်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးချိန်မှာတော့ အသက်၂၂ အရွယ်သာ ရှိနေသေးတာပါ။

Dean မှာ သူငယ်ချင်းနှစ်ဦးနဲ့ ဂျာမနီနိုင်ငံ၏ အရှေ့နှင့် အနောက်ပိုင်းခြားထားသည့်  Gudow ဒေသကို လာရောက် လည်ပတ်ခဲ့တာဖြစ်ပြီး အဝေးပြေးလမ်းမအလယ်က ထိန်းတုံးများပေါ်တွင် ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားစဉ်မှာ ကားတိုက်ခံရတာဖြစ်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။ ယာဉ်မောင်းသူကတော့ အသက် ၇၃ နှစ်ရှိသူ အဘိုးအို တစ်ဦးဖြစ်ပြီး မတော်တဆမှုဖြစ်ပွားတဲ့ အဝေးပြေးလမ်း အနီးတစ်ဝိုက်က မြို့လေးမှာ နေထိုင်သူဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုမှာ Dean ရဲ့ သူငယ်ချင်း နှစ်ဦးကတော့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ရဲတွေကတော့ အခင်းဖြစ်ပွားချိန်မှာ သေဆုံးသူနဲ့ သူငယ်ချင်းများဟာ အရက်သေစာ သောက်စားထားတယ်လို့ ဆိုပါတယ်။

Ref: The Guardian; Man dies after being hit by vehicle in Germany while taking a selfie

Emily(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top