ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ဆန္ဒအတိုင်း ဘရက်ရှားကို ပြောင်းခဲ့တဲ့ ဘာလော့တယ်လီ

69236030_2546492638714974_5663662554489028608_n.jpg

စီးရီးအေတန်းတက်ကလပ် ဘရက်ရှားအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက်မှာတော့ ကွယ်လွန်သူ ဖခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီလို့ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီက ပြောပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့ ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရက်ရှားအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဘာလော့တယ်လီဟာ စစ္စလီကျွန်းမှာ မွေးဖွားခဲ့ပေမဲ့ အီတလီနိုင်ငံမြောက်ပိုင်း ဘရက်ရှားပြည်နယ် ကွန်ဆက်စီယိုမြို့မှာ လူလားမြောက်ခဲ့တာပါ။ ကွန်ဆက်စီယိုမြို့မှာ နေထိုင်တဲ့ အီတလီဇနီးမောင်နှံ ဆယ်ဗီယာနှင့် ဖရန်ဆက်စကိုတို့က ဘာလော့တယ်လီကို မွေးစားခဲ့တာပါ။ ”ဘရက်ရှားကို ပြောင်းလာဖို့ရှိတယ်လို့ပြောတော့
အမေ ငိုနေခဲ့တယ်။ အမေ့ကို ဘာဖြစ်လို့ ငိုနေတာလဲလို့ မေးတော့ သူ ဝမ်းသာလို့ ငိုနေတာပါတဲ့။ ကျွန်တော့်အဖေက ဘရက်ရှားကလေ။ သူက ဘရက်ရှားအသင်းကို အားပေးတယ်။ တနေ့ကျရင် ကျွန်တော့်ကို ဘရက်ရှားအသင်းဂျာစီနဲ့ မြင်ရမယ်လို့ အိပ်မက်မက်ခဲ့သူပါ။ အဲဒီတော့ ကျွန်တော့်အဖေလည်း ပျော်နေမှာပါ”လို့ ဘာလော့တယ်လီက ပြောပါတယ်။

ဘာလော့တယ်လီရဲ့ ဖခင်ကတော့ ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ဘောလုံးလူဆိုးလို့ လူသိများတဲ့ ဘာလော့တယ်လီဟာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဘရက်ရှားအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ သူ့ရဲ့ရည်မှန်းချက်ကတော့ ၂၀၂၀ ယူရိုပြိုင်ပွဲမတိုင်ခင် အီတလီအသင်း ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိရေးပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top