ဓားပြတွေက အက်ရှ်လေကိုးလ်ကို ထိုင်ခုံမှာကြိုးတုပ်ပြီး ခြိမ်းခြောက်ခဲ့

1-4-2020-yyl-029.jpg

မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြတွေက ချဲလ်ဆီးနဲ့ အာဆင်နယ်ကစားသမားဟောင်း အက်ရှ်လေကိုးလ်ရဲ့ စံအိမ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဓားပြတွေဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်က ဆာရေးစီရင်စုမှာရှိတဲ့ အက်ရှ်လေကိုးလ်ရဲ့ နေအိမ်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာပါ။ အဲဒီဖြစ်ရပ်မှာ ဓားပြတွေက အက်ရှ်လေကိုးလ်ကို ထိုင်ခုံမှာ ကြိုးတုပ်ထားပြီး ခြိမ်းခြောက်ခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။

အဲဒီဖြစ်ရပ်အပြီးမှာ အက်ရှ်လေကိုးလ်က ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေမဲ့ အရမ်းတုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။ ဓားပြတွေက နေအိမ်ထဲမှာ လိုက်လံရှာဖွေပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အစောပိုင်းတုန်းကလည်း ပေါင် ၄.၅ သန်းတန်တဲ့ အက်ရှ်လေကိုးလ်ရဲ့ စံအိမ်ထဲကို ဓားပြတွေ ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top