တစ်လကို ကန်ဒေါ်လာ ၄၀၀၀၀ ဖိုး ဆေးခြောက်ရှူတဲ့ မိုက်တိုင်ဆန်ကတော့ ဆေးခြောက်စိုက်ခင်း ဖွင့်လိုက်ပြီ

68653926_2546492492048322_8416157019748171776_n.jpg

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ကတော့ ဆေးခြောက်စိုက်ခင်းကြီးတစ်ခု ဖွင့်လှစ်လိုက်ပါပြီ။ ဆေးခြောက်ရှူရင်း အေးအေးဆေးဆေး အနားယူချင်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဆေးခြောက်စိုက်ခင်း ဖွင့်လှစ်လိုက်တာဟာ တခြားသူတွေထက်စာရင် မိုက်တိုင်ဆန်အတွက် ပိုအဆင်ပြေမယ့်ပုံစံပါပဲ။

အသက် ၅၃ နှစ်ရှိတဲ့ မိုက်တိုင်ဆန်ဟာ လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၄၀၀၀၀ ဖိုးလောက် ဆေးခြောက်ဝယ်ရှူနေသူပါ။ အခုတော့ မိုက်တိုင်ဆန်က တခြားဆေးခြောက်ရောင်းသူတွေဆီကနေ အားပေးဖို့ မလိုတော့ပါဘူး။ ကိုယ့်စိုက်ခင်းထဲကထွက်တဲ့ ဆေးခြောက်တွေကို ရှူလို့ရပါပြီ။ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်မှာရှိပြီး ၄၀၇ ဧကကျယ်ဝန်းတဲ့ ဆေးခြောက်စိုက်ခင်းထဲမှာ ရေစိမ်လို့ရတဲ့ နေရာတွေဖန်တီးထားပြီး ဂီတပွဲတော်လည်း ပါဝင်မယ့်အတွက် ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် နေရာတစ်ခုဖြစ်လာဖို့ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top