ဂရိတွင် ပထမဦးဆုံး အမျိုးသမီး သမ္မတ ရွေးချယ်

yyl-025-10.jpg

ဂရိနိုင်ငံ လွှတ်တော်မှ နိုင်ငံသမိုင်းတလျှောက်တွင် ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အထက်အရာရှိ တရားဥပဒေ ရှေ့နေ အမျိုးသမီး သမ္မတကို ရွေးချယ်ခဲ့သည်။ အမျိုးသမီး သမ္မတ အဖြစ်ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့သည့် အသက်ခြောက်ဆယ့်သုံးနှစ် အရွယ် Ekaterini Sakellaropoulou သည် ယခု လက်ရှိတွင် ဂရိနိုင်ငံ၏ ထိပ်တန်း အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးတွင် ရာထူးအကြီးဆုံး အဖြစ် တာဝန်ထမ်းဆောင်နေပြီး သူမ၏ နိုင်ငံတော်သမ္မတအဖြစ် ကျမ်းကျိန်သစ္စာဆိုမည့် အခမ်းအနားကို မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။ တရားရုံး ရှေ့နေချုပ်၏ သမီးဖြစ်သူ သူမသည် ပြင်သစ်နိုင်ငံ Sorbonne university တွင် ဘွဲ့လွန် သင်ကြားခြင်းကို ပြီးမြှောက်ခဲ့သည်။ သူမသည် ဂရိနိုင်ငံ၏ ထိပ်တန်း အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးတွင် ပထမဦးဆုံး အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးလည်းဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top