ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ရုပ်ရှင်ကား (၄) ကားကို နိုင်ငံတော်တော်များများမှာ ရုံတင်ပြသခွင့်ရပ်ဆိုင်းထား

yyl-018-14.jpg

တရုတ်နှစ်သစ်ကူးအချိန်အခါမှာ တရုတ်ရုပ်ရှင်ကားတွေ ရုံတင်ဖို့ရှိပါတယ်။ တရုတ်နှစ်သစ်ကူးအတွင်း ရုံတင်မယ့် တရုတ်ဇာတ်ကားတွေဟာ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဟန့်တားဖို့ကြိုးပမ်းတဲ့အနေနဲ့ ရုံတင်ခွင့် ရပ်ဆိုင်းလိုက်ရပါတယ်။

တရုတ်နိုင်ငံက ရုပ်ရှင်စတူဒီယိုတွေက နာမည်ကြီးမင်းသားတွေပါဝင်ထားတဲ့ ဇာတ်ကား (၄) ကား ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့တယ်ဆိုတဲ့အကြောင်းကို မနေ့က လူမှုကွန်ယက်အကောင့်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကို နိုင်ငံတော်တော်များများမှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ရုံတင်ခွင့်ရပ်ဆိုင်းလိုက်တဲ့ တရုတ်ရုပ်ရှင်ကား (၄) ကားကတော့ ဂျက်ကီချန်းရဲ့ Vanguard၊ ဝမ်ပေါက်ချန်ရဲ့ Detective Chinatown 3၊ အက်ဒီပန်ရဲ့ The Rescue နဲ့ Animation ဇာတ်ကား Jiang Zi Ya: Legend of Deification တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားတွေက တရုတ်နှစ်သစ်ကူးအချိန်အခါမှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး နောက်ထပ် ဘယ်အချိန်တွေမှာ ရုံတင်ပြသမယ်ဆိုတာကိုတော့ ကြေညာထားခြင်းမရှိပါဘူး။ ဝူဟန်ဗိုင်းရပ်စ်က အသက်သေစေနိုင်တဲ့ကူးစက်ရောဂါဖြစ်တယ်လို့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့တဲ့ သတင်းတွေကြောင့် ဒီရုပ်ရှင်ကား (၄) ကားဟာ စင်ကာပူရုပ်ရှင်ရုံတွေမှာလည်း ရုံတင်ခွင့်မရခဲ့ပါဘူး။ အခြားဇာတ်ကား (၂) ကားဖြစ်တဲ့ Enter the Fat Dragon နဲ့ All’s Well End’s Well 2020 တွေကတော့ ရုံတင်ခွင့်မရတဲ့ ဇာတ်ကားတွေထဲမှာ မပါဝင်ခဲ့ဘဲ ရုံတင်ပြနေပါပြီ။။

စင်ကာပူနိုင်ငံက ရုပ်ရှင်ရုံတွေကတော့ တရုတ်စတူဒီယိုတွေဟာ ဒီဇာတ်ကားတွေ ကမ္ဘာတစ်ဝှမ်းရုံတင်ပြသမှုကို ရွေ့ဆိုင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရတာဖြစ်ကြောင်း၊ သူတို့ရဲ့စည်းမျဉ်းကို လိုက်နာသွားမှာဖြစ်ပြီး အဆင်မပြေမှုတွေဖြစ်စေခဲ့တာကို နားလည်ပေးကြဖို့ တောင်းပန်ခဲ့ကြပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်ကနေ ကြိုတင်လက်မှတ်ဖြတ်ထားတဲ့သူတွေကိုလည်း ရုပ်ရှင်လက်မှတ်ဖိုး ပြန်အမ်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: 4 Chinese New Year movies cancelled in Singapore after Wuhan virus outbreak

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top