ကိုယ်စားလှယ်လောင်းရွေးတဲ့အခါ အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ပညာအရည်အချင်း ရှိသင့်တယ်လို့ တပ်ချုပ်အကြံပေး

localnews.jpg

နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ကြတဲ့အခါ အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေကိုသာ ရွေးချယ်သင့်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြံပေးပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီတို့ဟာ ဩဂုတ် ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ပါတီတွေကို အကြံပေးတဲ့သဘောနဲ့ ပြောတာပါလို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

”ကာချုပ်ကြီးပြောတာကတော့ ပါတီတွေအနေနဲ့ သတိထားဖို့ကောင်းတယ်။ ကိုယ်စားလှယ် တွေကို ရွေးတဲ့အခါ အနည်းဆုံးတော့ အထက်တန်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ပညာ အရည်အချင်းမျိုးတော့ ရှိသင့်တယ်လို့ ပြောပါတယ်”လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့ အခါ အချို့ပါတီတွေအနေနဲ့ ပညာအရည်အချင်းကို အဓိကမထားဘဲ ဇာတိဖြစ်ဖို့၊ သစ္စာရှိဖို့၊ အတွေ့အကြုံရှိဖို့၊ ပြည်သူလက်ခံဖို့ စတဲ့ အချက်တွေကို အဓိကထားရွေးချယ်တယ်လို့ ပြောကြားထားတာတွေ ရှိပါတယ်။

ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top