အဲလိဇဘက်သ် ဘုရင်မကြီးကပေးတဲ့ ဝန်ထမ်းတွေအတွက် လက်ဆောင်

Queen-Elizabeth-cuts-cost-of-staff-gift-giving.jpg

တော်ဝင်မျိုးနွယ်တွေဟာ သာမန်လူတွေလို နေရထိုင်ရတာမဟုတ်မှန်း အားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်။ အဲလိဇဘက်သ်ဘုရင်မကြီးဆို ပိုလို့ပေါ့။

သူမရဲ့ ဘဝဟာ ကျွန်တော်တို့လို သာမန်လူတွေရဲ့ ဘဝနဲ့ မတူဘူးလို့ဆိုရင် ငြင်းစရာတော့ ရှိမှာမဟုတ်ပါဘူး။ သူမဟာ ငန်းတွေ၊ လင်းပိုင်တွေ အများကြီးကို ပိုင်ဆိုင်ရုံသာမကဘဲ ကမ္ဘာပေါ်က ဒေသ ၅ဝနီးပါးဟာ သူမရဲ့ပိုင်ဆိုင်မှုတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးမှာ သူမနဲ့ တန်းတူညီတူ ရှိနေတဲ့အရာ တစ်ခုရှိပါတယ်။ ဟုတ်ပါတယ်။ ခရစ္စမတ်စ်ပွဲတော်ပါ။ ကျွန်တော်တို့ ခရစ္စမတ်စ်ပွဲတော် ဆင်နွှဲသလို သူမလည်း ဆင်နွှဲလိုတာပါပဲ။

သူမဟာ ခရစ္စမတ်စ်ပွဲတော်ကို တကယ်ကို သဘောကျ မြတ်နိုးပြီး ပိတ်ရက်တိုင်းကို နေ့စဉ်မပြတ် ဆင်နွှဲတော့တာပါပဲ။ ဘုရင်မကြီးရဲ့ ပိတ်ရက်တွေကတော့ သူ့ရဲ့ မိသားစုအတွက် အချိန်ပေးဖို့ပဲ သီးသန့်မဟုတ်ပါဘူး။ ခရစ္စမတ်စ်အတွက် သူမရဲ့ မိန့်ခွန်းကိုလည်း တစ်ကမ္ဘာလုံးကို လွှင့်ပေးတဲ့အပြင် တော်ဝင်မိသားစုရဲ့ အခြွေအရံတွေနဲ့လည်း ခရစ္စမတ်စ်ပွဲကို ကျင်းပနိုင်ဖို့ အချိန်ယူရပါသေးတယ်။

ဒီဇင်ဘာလတိုင်းမှာ ဘုရင်မကြီးဟာ တော်ဝင်မိသားစုရဲ့ အခြွေအရံ၊ ဝန်ထမ်းပေါင်း ၅၅ဝအတွက် တစ်ယောက်ချင်းစီကို လက်ဆောင် သို့မဟုတ် စာအုပ်ဘောက်ချာလေးတွေပေးလေ့ရှိပါတယ်။ လက်ဆောင်တွေရဲ့ တန်ဖိုးဟာ ဝန်ထမ်းတွေ သူမ နန်းသက်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကာလအတိုင်းအတာအလိုက် ကွာခြားသွားပါတယ်။ သူမက ဝန်ထမ်းတွေအချင်းချင်း ဝေမျှပေးနိုင်ဖို့အတွက် ခရစ္စမတ်စ် ပူတင်းပေါင်း ၁၅၀ဝကိုလည်း လက်ဆောင်ပေးပါသေးတယ်။

ဗြိတိန်နန်းတွင်းရဲ့ အခြားသော လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လက်ဆောင်တွေကို လက်ခံယူရာမှာလည်း စည်းစနစ်တွေရှိနေပါသေးတယ်။ Senior Officer က တစ်ဦးတစ်ယောက်ချင်းစီကို ရာထူး တာဝန်အလိုက် နာမည်ခေါ်မှာဖြစ်ပြီး လုပ်သက်အကြာဆုံး၊ ရာထူးအကြီးဆုံး ဝန်ထမ်းကနေ စတင်ပါတယ်။ ဒီနောက်မှာတော့ ဘုရင်မကြီးဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက် လက်ဆောင်ကို ကိုယ်တိုင် ချီးမြှင့်ပေးပါတော့တယ်။

ဒါဟာ နှစ်စဉ်နှစ်တိုင်း ဗြိတိန်နန်းတွင်းမှာ သူမလုပ်နေကျ အစဉ်အလာပါပဲ။

Ref: Reader’s Digest: This Is What Queen Elizabeth Gives Her Staff for Christmas

Angelic Demon ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top