နေမကောင်းတဲ့ကလေးတွေကို ပြုစုကုသဖို့ ဝမ် (၁၀၀) သန်းလှူတဲ့ မင်းသမီး Hwang Jung Eum

h.jpg

တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်တဲ့ Hwang Jung Eum ဟာ ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ အတွက် ကိုရီယား ဝမ် ၁၀၀ သန်းလှူဒါန်းလိုက်တယ်လို့သိရပါတယ်။

တောင်ကိုရီးယား မင်းသမီး ဟာ ကလေးတွေကို ဆေးဝါးဆိုင်ရာကုသပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Save the Children ကို ကူညီလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ ဟာ ကျန်းမာရေးမကောင်းတဲ့ ကလေးတွေကို ပြုစုကုသမှု နဲ့ ခွဲစိတ်မှုတွေ ပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဆိုပါအဖွဲ့ ဟာငွေကြေးမတတ်နိုင်တဲ့ မီသားစု တွေ က ကလေးငယ်တွေ ကို ကျန်းမာရေး စစ်ဆေးစမ်းသပ်ချိန်မှာလည်း ငွေကြေးစိုက်ဝင်ထည့်ပေးနေတာဖြစ်ပါတယ်။

မင်းသမီး Hwang Jung Eum လှူဒါန်းတဲ့ငွေကြေးကို ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ ရဲ့ ငွေကြေးကုန်ကျမှုမှာ ထည့်ဝင်သုံးစွဲသွားမှာဖြစ်ပါတယ်။ မင်းသမီးက နေမကောင်းတဲ့ကလေးတွေကို အကူညီပေးဖို့ငွေကြေးလှူဒါန်းခဲ့တာဖြစ်ပြီး အဲဒီလို လှူဒါန်းမှု ဟာ ကလေးငယ်တွေ အတွက် နွေးထွေးမှု နဲ့အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်လို့ မျှော်လင့်တယ်လို့ပြောပါတယ်။ တောင်ကိုရီးယားမင်းသမီး ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း အဆိုတော် Ivy နဲ့ အတူတွဲ လှူဒါန်းခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း သရုပ်ဆောင် ပတ်ဆိုဂျွန်နဲ့ တွဲပြီး ကလေးငယ်တွေအတွက်လှူဒါန်းခဲ့ဖူးပါတယ်။

Ref soompi: Hwang Jung Eum Makes Generous Donation To Help Sick Children

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top