ပရိသတ်စိတ်ဝင်စားမှု အခိုင်အမာနဲ့ ဇာတ်သိမ်းသွားခဲ့တဲ့ A World of Married Couple ဇာတ်လမ်းတွဲ

Wold-of-Married.jpg

ကိုရီးယားဇာတ်လမ်းတွဲကောင်းလေး A World of Married Couple ဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပိုင်းအစကနေ နောက်ဆုံးဇာတ်သိမ်းပိုင်းအထိ အခိုင်အမာရရှိသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲလေးက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုအတွင်း မထင်မှတ်ဘဲ ရောက်ရှိလာတဲ့ အဆင်မပြေမှု ပြဿနာတွေကို ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးပြသသွားတာပါ။ ဒီဇာတ်လမ်းတွဲကို ကိုရီးယားမှာ အပိုင်းသစ်ထွက်ပြီးပြီးချင်း နာရီအနည်းငယ်အတွင်းမှာ Viu app မှာ ပြသပေးခဲ့ပြီးတော့ ပြသနေချိန်တစ်လျှောက်မှာ ပရိသတ်တွေအနေနဲ့ နောင်တစ်ပတ် ထွက်ရှိလာမယ့် အပိုင်းသစ်အတွက် ကြိုတင်ရင်ခုန်ပြီး စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရင်မောဖွယ် အိမ်ထောင်ရေးပြဿနာတွေကို ရိုက်ကူးပြသသွားတဲ့ ဒီဇာတ်လမ်းတွဲလေးက အခုဆိုရင် အပိုင်း ၁၆ ပိုင်းအထိ ပြသပြီးတဲ့နောက် ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် ပရိတ်သတ်တွေ ရင်ထဲမှာတော့ ဆက်လက်ကျန်ရှိနေပါသေးတယ်။

ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းပုံစံအပေါ် ကျေနပ်နှစ်သက်ကြသူတွေရှိသလို မတူညီတဲ့ အမြင်လေးတွေကြောင့် ဇာတ်သိမ်းကို အားမရဖြစ်နေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။ ဇာတ်လမ်းထဲကလို အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ဖူးတဲ့ ပရိသတ်တွေကလည်း ဒီဇာတ်လမ်းပြီးဆုံးပြီးနောက်မှာ သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီဇာတ်လမ်းတွဲလေးက ပရိတ်သတ်တွေ အာရုံကို ဘယ်လောက်ဖမ်းစားနိုင်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်အချို့ရဲ့ မျှဝေထားတာလေးတွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

“ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ ပုံမှန်ဆိုရင် ပျော်စရာဇာတ်သိမ်းနဲ့ပဲ ပြီးသွားတာများပေမယ့် ဒီဇာတ်လမ်းတွဲလေးကတော့ ထူးထူးခြားခြားပဲ။ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်‌လာအောင် ဖန်တီးပေးတဲ့ ဇာတ်လမ်းရေးသူတွေ၊ ဒါရိုက်တာတွေ အကုန်လုံးကို ကျေးဇူးအရမ်းတင်ပါတယ်။”

“Sun Woo အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်။ Sun Woo နဲ့ သူ့သားလေး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို သိချင်နေသေးတယ်။ ယုံကြည်မှုတစ်ခုက ပျောက်ပျက်သွားပြီးရင် ပြန်ရဖို့မလွယ်တော့ပါဘူး။”

“ဇာတ်သိမ်းနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ ရှိနေပေမယ့် ဖြစ်လာနိုင်တဲ့ အမှန်တရားကို ပြသွားတာလို့မြင်တယ်။ ဒီဇာတ်လမ်းထဲမှာ တစ်ချို့သော အိမ်ထောင်ရေးတွေမှာ ရှိတတ်တဲ့ နာကျင်စရာတွေနဲ့ ဒီအနာတွေကို ဘယ်လိုကုစားလို့ရနိုင်မလဲဆိုတာကို မီးထိုးပြသွားတာပါ။ ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာတော့ ဒီဇာတ်လမ်းက အကောင်းဆုံးပါပဲ။”

ဇာတ်လမ်းလေးပြီးဆုံးသွားပြီးတဲ့နောက် အထူးအပိုင်းသစ် နှစ်ပိုင်းကို လည်း Viu မှာ ဆက်လက်ပြသသွားခဲ့ပါသေးတယ်။ ဒီအထူးအပိုင်းသစ် နှစ်ပိုင်းမှာတော့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ ဒီဇာတ်လမ်းတွဲကို ပုံဖော်ခဲ့ကြတဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ အင်တာဗျူးတွေကို ပြသပေးသွားတာပါ။ ဒီလို အိမ်ထောင်ရေးဇာတ်လမ်းတွဲတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Viu မှာ The World of Married Couple အပြင် တစ်ခြားသော ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုလည်း ကြည့်ရှုနိုင်ပါပြီ။ တကယ်လို့ ရင်မောဖွယ်ရာ ဇာတ်လမ်းတွေမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဇာတ်လမ်း ကြိုက်နှစ်သက်သူတွေအတွက်လည်း Viu မှာ ဗမာ၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း ဟာသဇာတ်ကားကောင်းလေးတွေများစွာကို ပြသပေးထားပါသေးတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top