ချစ်သူကခွင့်လွှတ်စေဖို့ မြို့တွင်းမှာ ကြော်ငြာဘုတ် (၃၀၀) ထောင်ပြီး တောင်းပန်တဲ့ အိန္ဒိယနိုင်ငံသား

thCT2Y4F2P.jpg

အိန္ဒိယနိုင်ငံက အသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးဟာ ချစ်သူ စိတ်ဆိုးပြေစေဖို့ လမ်းတစ်လျှောက်မှာ ပိုစတာပေါင်း ၃၀၀ ထောင်ပြီး ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ လူငယ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ နီလက် ခီဒီကာဟာ ချစ်သူဖြစ်သူ ရှီဒီက စိတ်ဆိုးသွားခဲ့ပြီးနောက် ချစ်သူရဲ့ ခွင့်လွတ်မှုရဖို့ အခုလိုမျိုး တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိကျ မသိသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ ခီဒီကာဟာ ရန်ဖြစ်ခဲ့တဲ့ ချစ်သူ ရှီဒီ မွန်ဘိုင်းမြို့ကနေ Pimple Saudagar မြို့ဆီ ပြန်လာမယ့်ကြားတဲ့အချိန်မှာ “ရှီဒီရေ ငါတောင်ပန်းပါတယ်” ဆိုတဲ့ စာသားတွေ ရေထားတဲ့ ကြေငြာဘုတ်တွေ၊ ပိုစတာတွေကို ကပ်ထားခဲ့တာပါ။ ခီဒီကာဟာ မြို့ကို ရှီဒီ ပြန်ရောက်မယ့် ညပိုင်းမှာ လူငယ်အုပ်စုတစ်စုရဲ့ အကူအညီ ရယူပြိး မြို့အတွင်းက ကြေငြာဘုတ် တွေ၊ လမ်းဘေး တိုင်တွေနဲ့ ကားလမ်းလယ်မှာ ထောင်ထားတဲ့ တိုင်တွေမှာ လိုက်ကပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ခွင့်ပြုချက်မရဘဲ တောင်းပန်တဲ့စာသားပါ ပိုစတာတွေ ကပ်ခဲ့လို့ မြို့ရဲ့ စည်ပင်တာဝန်ရှိသူတွေက ခီဒီကာကို တရားစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ခီဒီကာရဲ့ အခုလိုမျိုး တောင်းပန်မှုအပေါ် ချစ်သူဖြစ်သူက ခွင့်လွတ်မှု ရှိ မရှိဆိုတာကိုတော့ မသိသေးပါဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref: Man Puts Up 300 Billboards and Signs Overnight to Ask Girlfriend’s Forgiveness

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top