တူရကီနိုင်ငံမှာ သိမ်းဆည်းရမိတဲ့ ဆေးခြောက်တွေကို မြို့လယ်စင်တာမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်မြို့လုံး ရီဝေယစ်မူးသလို ခံစားခဲ့ရပါတယ်။
ဧပြီလ ၁၈ ရက်နေ့က ဒီယာဘာကာပြည်နယ်၊ လိုက်စ်မြို့ လယ်ခေါင်မှာရှိတဲ့ စင်တာမှာ သိမ်းဆည်းရမိတဲ့ ဆေးခြောက်တန်ချိန် ၂၀ ကို မီးရှို့ဖျက်စီးခဲ့ပြီး လေထုထဲမှာ ဆေးခြောက်မီးခိုးတွေ ပျံ့လွင့်ခဲ့ပါတယ်။ ဆေးခြောက်မီးခိုးတွေကြောင့် ရီဝေယစ်မူးမှု ခံစားရတဲ့ မြို့ခံပြည်သူ ၂၅၀၀၀ ဟာ သူတို့ရဲ့ အိမ် ပြတင်းပေါက်တွေကို အနည်းဆုံး ၅ ရက်တိုင်တိုင် ပိတ်ထားခဲ့ရပါတယ်။
မီးရှို့ဖျက်စီးခဲ့တဲ့ ဆေးခြောက်တွေဟာ မှောင်ခိုဈေးကွက်တန်ဖိုးအရ တူရကီနိုင်ငံသုံး လိုင်ရာငွေ ၁၀ ဘီလျံ ( အမေရိကန်ဒေါ်လာ ၂၆၁ သန်းကျော်) တန်ကြေး ရှိတယ်လို့ ဆိုပါတယ်။
Ref: Turkish Town Involutarily Gets High After Police Burn Over 20 Tons of Confiscated Weed
NZ ( ရိုးရာလေး)