အင်ဒိုနီးရှား အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တက္ကသိုလ်ကို ဝင်ရောက်စီးနင်းကာ သံသယရှိသူ သုံးဦးကို ဖမ်းဆီး

densus_88_in_surabaya_june_8_-_afp.jpg

အင်ဒိုနီးရှားအကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆူမတ်ကြားကျွန်းက ပီကန်ဘာရူတက္ကသိုလ်ကို စီးနင်းမှုတွေလုပ်ခဲ့ပြီး ကျောင်းသားဟောင်းတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သလို အခြားနှစ်ဦးကို စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။

တက္ကသိုလ်ထဲက ဗုံးတွေနဲ့ ပေါက်ကွဲစေတဲ့အရာတွေကို ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေကပြောပါတယ်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆက်ယို ဝါဆစ်တိုက ကျောင်းသားဟာ ပီကန်ဘူရီ မြို့ရှိ လွတ်တော် အဆောက်အဦနဲ့ ဂျာကာတာမြို့ရှိ အင်ဒိုနီးရှား လွတ်တော်ကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူတွေဟာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်သူလို့ သံယရှိခံရသူတွေဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ရဲတွေဟာ တက္ကသိုလ်ကို စီးနင်းချိန်အတွင်း ပေါက်ကွဲစေတဲ့ပစ္စည်းတွေအပြင် ရိုင်ဖယ်သေနတ်၊ မြားနဲ့ ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာတွေကို တွေရှိခဲ့ပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ အင်ဒိုနီးရှားနိုင်ငံက တက္ကသိုလ်တွေမှာ အကြမ်းဖက် အစွန်းရောက်ဝါဒ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ တက္ကသိုလ်ကျောင်းသား အများစုဟာ ဂျီဟတ် လုပ်ဆောင်နေတဲ့ IS အဖွဲ့ကို ထောက်ခံမှုတွေရှိနေကြောင်း၊ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ် ခါလီဖိတ် တည်ဆောင်ဖို့ လိုလားမှုတွေရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လကလည်း ပီကန်ဘူရီ မြို့က ရဲစခန်းကို ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ လူ ၄ ဦးကို ရဲက ပစ်သတ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: Reuter “Indonesian police raid university over suspected plot to attack assemblies”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top