စာကုသိုလ်

sparrows-PV4LJKU.jpg

sparrows in a row on wooden fence

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးတွင် သက်ရှိဟု ဆိုလျှင် လူသားများသာ တည်ရှိနေထိုင်ကြသည်တော့ မဟုတ်ပေ။

လူသားများနည်းတူ အသွေးအသားအသက်တို့ဖြင့် တည်ဆောက်ထားသော သက်ရှိပေါင်းများစွာတို့အတူနေထိုင်ကြသည့် ကမ္ဘာကြီးဖြစ်သည်။ သက်ရှိတိုင်းသည် လည်း မိမိတို့ အသက်ရှင်သန်ရေးအတွက် လှုပ်ရှားကြရသည်၊အခက်အခဲများကိုကျော်ဖြတ်ကြရသည်။

လူတို့သည် ဘဝကိုဖြတ်သန်းရာတွင် အခက်အခဲများ များစွာရှိသကဲ့သို့ တိရိစ္ဆာန်များလည်း သူတို့ရှင်သန်ရေးအတွက် အခက်အခဲများစွာရှိလေသည်။လူသားတို့၏ လောဘမီး တို့ကြောင့် သစ်တော ရေမြေသဘာဝများ များစွာပျက်စီးခဲရာ အသိညာဏ်နိမ့်ပါးသော တိရိစ္ဆာန်များအတွက် များစွာဒုက္ခ ၡဖြစ်ကြရသည်။သူတို့ စားရေး သောက်ရေးခက်ခဲကြရသည်။ ယခုအိမ်မွေးတိရိစ္ဆာန်မဟုတ်သည့် လူအများနှင့်အတူနေ ထိုင်သော ငှက်ကလေးများသည် မြို့ပြ၏ ဒဏ်ကို ပြင်ထန်စွာခံစားရပြန်သည်။ထိုအထဲတွင်ခိုကလေးများ စာကလေးများလည်း ပါရှိလေသည်။

မနက်ဆိုလျှင် အစာအတွက် ရှာဖွေနေသည့် စာကလေးများကို တွေ့ဖူးကြပေလိမ့်မည်။ သူတို့တွင် သားသမီးများလည်း ရှိနေပေသည်။ထိုငှက်ကလေးများသည် လူသားတို့၏ မြို့ပြဒဏ်ကိုခံရသော ငှက်များဖြစ်သည်။ သူတို့လေးတွေကို စားရေးသောက်ရေး အဆင်ပြေစေရန်အ တွက် စာကုသိုလ် ဟုခေါ်သော စပါးလေးတွေ ဝယ်ယူကြွေးမွေး ကြခြင်းသည် မြို့ပြကုသိုလ်တစ်ခုဖြစ်သည်။ များစွာကုသိုလ်ရ သောအလုပ်ဖြစ်သဖြင့် စာကုသိုလ်ပြုသင့်ကြောင်း လူကြီးများပြောပြဖူးပါသည်။
ကုသိုလ်ရသော စာကုသိုလ်ကြွေး ကုသိုလ်ပြုခြင်းဖြင့် ကျေးငှက်ကလေးများ၏ ဘဝကို တစ်ဘက်တစ်လမ်းက ကူညီကြပါစို့လို့ တိုက်တွန်းရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top