အလှအပအတွက်နှင်းဆီရည်ရဲ့အကျိုးကျေးဇူးများ

yyl-16-006.jpg

နှင်းဆီပွင့်ဖတ်လေးတွေနဲ့ပြုလုပ်ထားတဲ့ရနံ့သင်းတဲ့အရည်ဖြစ်တဲ့နှင်းဆီအရည်က ဂုဏ်သတ္တိများစွာရှိပါတယ်။ အဲဒီအရည်က အသားရေမညီမညာဖြစ်တာ၊ အသားအရေခြောက်သွေ့တာတွေကို စိုပြေချောမွေ့စေပါတယ်။ ဒါ့အပြင်အသားအရေရဲ့ ရေဓာတ်ပမာဏကိုလည်း ထိန်းပေးပါတယ်။ အသားအရေအကျိုးကျေးဇူးတွေနဲ့ပြည့်နေတဲ့ ဒီအရည်လေးကို အသုံးပြုကြည့်သင့်ပါတယ်။ နှင်းဆီအရည်ကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရလည်းဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

တိုနာ

ဈေးကြီးတဲ့တိုနာတွေအစား နှင်းဆီအရည်ကို အစားထိုးပြီးသုံးကြည့်လို့ရပါတယ်။ အသားအရေရဲ့ pHညီမျှမှုရှိအောင် ထိန်းပေးပါတယ်။ အခြားတိုနာတွေလိုပဲ နေ့စဉ်သန့်စင်ပေးမယ်ဆိုရင် အသားအရေကအညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

အသားအရေအစိုဓာတ်ဖြည့်တင်းပေးခြင်း

သင့်အသားရေတွေခြောက်သွေ့သလိုခံစားနေရတဲ့ရက်တွေရှိမယ်ထင်ပါတယ်။ နှင်းဆီအရည်က အဲဒီလိုပြဿနာလေးတွေကို ဖြေရှင်းပေးပါတယ်။ နှင်းဆီအရည်က အသားအရေစိုပြေလာပြီး အာဟာရဓာတ်ဖြည်းတင်းပေးပါတယ်။

မိတ်ကပ်ဖျက်ဆေး

မိတ်ကပ်ဖျက်ဆေးကုန်သွားတဲ့အခါမျိုးမှာ မိတ်ကပ်ဖျက်ဖို့အတွက် နှင်းဆီအရည်ကို အသုံးပြုလို့ရပါတယ်။ နှင်းဆီအရည်ထဲကို အုန်းဆီအစက်အနည်းငယ်ထည့်ပြီး သန့်စင်တဲ့ဖော့တစ်ခုကိုအသုံးပြုပြီး မိတ်ကပ်တွေကို ဖယ်ရှားလိုက်ပါ။

မျက်လုံးမို့တာကိုသက်သာစေခြင်း

ရေခဲသေတ္တာထဲမှာ နှင်းဆီအရည်ကို ခဏထည့်ထားရပါတယ်။ အအေးဓာတ်ရနေတဲ့နှင်းဆီအရည်အနည်းငယ်ကို ဝါဂွမ်းစပေါ်မှာ ထည့်လိုက်ပြီး မျက်ခွံပေါ်မှာ တင်ထားလိုက်ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် မျက်လုံးမို့ခြင်းကို သက်သာစေပြီး နီးမြန်းခြင်းကို လျော့ချပေးပါတယ်။

ဝက်ခြံကုသပေးခြင်း

အန်တီဘတ်တီးရီးယားဂုဏ်သတ္တိပါဝင်တဲ့အတွက် ဝက်ခြံပျောက်ဖို့ ဒီအရည်ကို အသုံးပြုလို့ရပါတယ်။ နှင်းဆီအရည်နဲ့ သံပုရာအရည်ကို ရောစပ်လိုက်ပါ။ ဒီရောစပ်မှုကို ဝက်ခြံရှိတဲ့နေရာတွေမှာ အသုံးပြုလိုက်ပြီး မိနစ် (၂၀) လောက်ထားပြီးနောက် ရေနဲ့သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

Ref: TOI

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top