မာနေး၊ ဗန်ဒိုက်ဂျ်တို့ကို ကျော်ဖြတ်ပြီး PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒီဘရိုင်း ဆွတ်ခူး

9-9-2020-yyl45.jpg

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ကစားသမားတွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်ဂျ်တို့ကို ကျော်ဖြတ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးဆု(PFA) ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအကြိမ်(၂၀) လုပ်နိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့သူပါ။

” တကယ့်ကို ဂုဏ်ယူစရာပါ။ အသင်းဖော်တွေ၊ ကိုယ့်ပြိုင်ဘက်တွေက မဲပေးရွေးချယ်ကြတဲ့ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ အံ့အားသင့်စရာပါ”လို့ ဒီဘရိုင်းက ပြောပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ဒီဘရိုင်းက ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာလို့ ဂုဏ်ပြုခဲ့ပါတယ်။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းဖော် စတာလင်၊ လီဗာပူးကစားသမားတွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်ဂျ်၊ ဟန်ဒါဆန်၊ အလက်ဇန္ဒားအာနိုးတို့ကို ကျော်ဖြတ်ပြီး (PFA) ဆု ဆွတ်ခူးခဲ့တာပါ။ စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးတိုက်စစ်မှူး အဂွေရိုထက် ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ အဂွေရိုဟာ ၂၀၁၁ ခုနှစ်က မန်စီးတီးကို ရောက်ရှိလာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၈ ရာသီလုံးလုံး မန်စီးတီးအသင်းရဲ့ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top