အင်္ဂလန်အသင်းနဲ့အတူ ရှိနေတုန်း ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့က ဟိုတယ်ဝန်ထမ်းကို ဘောက်ဆူးပေးပြီး အိုက်စလန်သူ ၂ ယောက်ကို သူတို့ရဲ့ဟိုတယ်ခန်းထဲ ပို့ခိုင်းခဲ့

9-9-2020-yyl46.jpg

မန်စီးတီးကွင်းလယ်လူ ဖိုဒင်နဲ့ မန်ယူတောင်ပံကစားသမား ဂရင်းဝုဒ်တို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေချိန်မှာ သူတို့ရဲ့ ဟိုတယ်ခန်းထဲကို အိုက်စလန်မိန်းကလေး ၂ ယောက် ခိုးဝင်နိုင်အောင်လို့ ဟိုတယ်ဝန်ထမ်းကို ဘောက်ဆူးကောင်းကောင်းပေးခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေအရ အင်္ဂလန်အသင်း တည်းခိုရာဟိုတယ်ထဲကို ဧည့်သည်မဝင်နိုင်အောင် တားမြစ်ထားပေမဲ့ ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့ကတော့ ဟိုတယ်ဝန်ထမ်းရဲ့ အကူအညီနဲ့ အိုက်စလန်သူ ၂ ယောက်ကို သူတို့အခန်းတွေထဲ ခိုးသွင်းနိုင်ခဲ့ပါတယ်။ အိုက်စလန်သူ တစ်ယောက်ကတော့ အသက် ၂၀ ပဲ ရှိသေးတဲ့ မော်ဒယ် နာဒီယာနဲ့ အစ်မဝမ်းကွဲဖြစ်သူ လာရာကလော်ဆန်တို့ ဖြစ်ပါတယ်။

အင်္ဂလန်က အိုက်စလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ အိုက်စလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဖိုဒင်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဂရင်းဝုဒ်ကတော့ ဒုတိယပိုင်းမှာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ အင်္ဂလန်အသင်း ကစားသမားတွေ မနက်စာမစားခင်မှာပဲ ဆေးအဖွဲ့အရာရှိက ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့ကို ခေါ်ထုတ်သွားခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သူတို့ကို အင်္ဂလန်ဆေးအဖွဲ့အရာရှိကသာ မခေါ်ထုတ်ခဲ့ဘဲ တခြားကစားသမားတွေနဲ့ အတွေ့ခံခဲ့မယ်ဆိုရင် အင်္ဂလန်နဲ့ ဒိန်းမတ်ပွဲစဉ် ပျက်ရဖို့ ရှိပါတယ်။ ဒီဖြစ်ရပ်အတွက် အိုက်စလန်ရဲတပ်ဖွဲ့က သူတို့ ၂ ယောက်ကို ပေါင် ၁၃၆၀ ဒဏ်ရိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့ကို အိမ်ပြန်ပို့ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့ ၂ ယောက်လုံးက တောင်းပန်ထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top