နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို

9-9-2020-yyl44.jpg

ဆွီဒင်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ Nations League ပြိုင်ပွဲမှာ ပေါ်တူဂီအတွက် အနိုင်ဂိုး ၂ ဂိုးလုံး သွင်းပေးခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အမျိုးသားဘောလုံးပြိုင်ပွဲသမိုင်းမှာ နိုင်ငံတကာသွင်းဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တဲ့ ဒုတိယကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပထမပိုင်း ထပ်ဆောင်းအချိန်ပိုမှာ ဧရိယာထိပ် ပြစ်ဒဏ်ဘောကန်ချက်နဲ့ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အဲဒီဂိုးက သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး (၁၀၀) မြောက် ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန်(၇၃)မိနစ်မှာ ဧရိယာထိပ် ဝေ့ဝိုက်ကန်ချက်နဲ့ ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး (၁၀၁)ဂိုးအထိ ရှိလာခဲ့ပြီး နိုင်ငံတကာသွင်းဂိုး အများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ထားတဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ စံချိန်(၁၀၉ ဂိုး)ကို မှီဖို့ ၈ ဂိုးပဲ လိုပါတော့တယ်။ နိုင်ငံတကာသွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒိုကို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းက ဂုဏ်ယူကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top