မြန်မာငွေ သိန်း ၁၀၀၀ ကျသင့်တဲ့ ဥက္ကာခဲလက်ကိုင်အိတ်

25.3.2023-yyl-iamge-1.jpg

ပြင်သစ် တန်ဖိုးကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Coperni က ဥက္ကာခဲကို ထွင်းထားတဲ့ လက်ကိုင်အိတ် ဖန်တီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀၀ က ကမ္ဘာမြေပေါ် ကျလာခဲ့တဲ့ ဥက္ကာခဲကို လက်ကိုင်အိတ် ဖန်တီးခဲ့တာဖြစ်ပြီး အလေးချိန် ၂ ကီလိုဂရမ် ရှိပါတယ်။

ဥက္ကာခဲရဲ့ အရည်အသွေးနဲ့ အရွယ်အစားအလိုက် အိတ်ဈေးနှုန်း ကွာခြားနိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ဥက္ကာခဲလက်ကိုင်အိတ် တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၃၀၀၀ ( မြန်မာငွေ သိန်း ၁၀၀၀) ဝန်းကျင် ကျသင့်မှာပါ။ ဥက္ကာခဲအိတ်တွေကို မှာယူမယ်ဆိုရင် သီတင်းပတ် ၆ ပတ်အတွင်း ပို့ဆောင်ပေးမှာဖြစ်ပြီး ဝယ်ပြီးပစ္စည်းတွေကိုတော့ ပြန်လဲခွင့်၊ (Coperni အမှတ်တံဆိပ်ထံ) ပြန်ရောင်းခွင့် မရှိပါဘူး။

Ref: This $43,000 Luxury Meteorite Purse Is Literally Out of This World

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top