လုံခြုံရေး ဥပဒေသစ်ကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တစ်ယောက် ဟောင်ကောင်မြို့မှ ထွက်ပြေး

3-7-2020-yyl-002.jpg

တရုတ်နိုင်ငံက အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက်မှာ ဟောင်ကောင်မြို့ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီ လှုပ်ရှားသူတစ်ယောက်က ဟောင်ကောင်မြို့ကနေ ထွက်ပြေးခဲ့ပါတယ်။ နာသန်လောဟာ တစ်ချိန်တုန်းက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ထီးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံရဖူးသူပါ။ ပြည်ပကနေ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက ဟောင်ကောင်မြို့မှာ လုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ နာသန်လောက ဟောင်ကောင်မြို့ကို စွန့်ခွာခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ လုံခြုံရေးဥပဒေသစ်ဟာ ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်တွေကို တိုက်စားနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံက လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းလိုက်ချိန်ဟာ သွေးချောင်းစီးရမယ့် ယဉ်ကျေးမှုတော်လှန်ရေး အစပျိုးချိန်ဖြစ်တယ်လို့ နာသန်လောက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top