ပရိတ်သတ် မရှိပေမဲ့ ကြောင်လေး (၄) ကောင်ရဲ့ အားပေးမှုကြောင့် သီချင်းအဆုံးထိ ဖျော်ဖြေဖို့ အားရှိသွားခဲ့တဲ့ လမ်းဘေး အဆိုတော်

49769545_333577504159446_4389505315800875008_n.jpg

အထူးသဖြင့် ကစားကွင်းနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ပြုလုပ်လေ့ရှိတဲ့ ဖျော်ဖြေပွဲတွေကို ခဏဖြစ်ဖြစ် မတ်တပ်ရပ်ပြီး၊ ကြည့်ရှူရတာ အင်မတန်မှ ကြည်နူးစရာကောင်းသလို စိတ်ကျေနပ်စရာလည်း ကောင်းလှပါတယ်။ ဒါပေမဲ့လည်း လမ်းဘေး ဖျော်ဖြေသမားတိုင်းမှာတော့ အချိန်ပြည့် လူအများ သဘောကျ နှစ်သက်လောက်မယ့် ဒီလိုအခွင့်အရေးမျိုး မရှိကြပါဘူး။

ဖျော်ဖြေရေးမျိုးစုံတွေထဲကမှ လူတော်တော်များများဟာ လမ်းတကာလှည့်ပြီး ဂီတာတူရိယာ တီးမှုတ်ရင်း ဆုကြေးတောင်းတဲ့ အဆိုတော်၊ ဂီတသမားတွေဆို လျစ်လျူရှူလိုက်ကြတာ များပါတယ်။ ဗီဒီယိုထဲမှာပါရှိတဲ့ မလေးရှားလူမျိုး လမ်းဘေး ဂီတပညာသည်ကလည်း အဆိုပါနည်းအတိုင်းပဲ ၎င်းရဲ့သီဆိုမှုကို ပရိတ်သတ်တွေရဲ့ လျစ်လျူရှူခြင်း ခံခဲ့ရပါတယ်။

ဒီအချိန်မှာ (၃) လသား အရွယ်လောက်ပဲ ရှိသေးတဲ့ ကြောင်လေး (၄) ကောင်က ဘယ်ပရိတ်သတ်မှ ရပ်ကြည့်မနေလည်း အဆိုပါအမျိုးသားကို ခေါင်းမငုံ့တမ်း အားပေးနေခဲ့ကြပါတယ်။ တော်တော်လေး ချစ်စရာကောင်းပြီး သီချင်းကြိုက်တတ်တဲ့ ကြောင်လေးတွေ ဖြစ်ပုံရပါတယ်။ ပြီးတော့ ဒီကောင်လေးတွေက တခြားတစ်ယောက်ကို ဘယ်လိုအားပေးရမယ်ဆိုတာလည်း ကောင်းကောင်းသိနေပုံပါပဲ။

ဗီဒီယိုလေးကိုတော့ အောက်ကလင့်ခ်ကနေ တစ်ဆင့် ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

Ref: healthyfoodhouse.com “Street Singer Was Ignored By Everyone, Then 4 Kittens Came To Show Their Support”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply