ရာစုနှစ်ရဲ့အကောင်းဆုံး ကာကွယ်မှုလုပ်ခဲ့တဲ့ ဂိုးသမား ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်

hh1-1.jpg

Save ot the Century လို့ တင်စားခံရလောက်အောင် ပြောင်မြောက်လွန်းတဲ့ ဂိုးပေါက်ကာကွယ်မှု လုပ်ခဲ့သူ အင်္ဂလန်ဂိုးသမားဟောင်း ဂေါ်ဒွန်ဘန့်ခ်ဟာ အသက် (၈၁) အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၂၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ဘရာဇီး တိုက်စစ်မှူး ပီလီရဲ့ ခေါင်းတိုက်ချက်ကို ဂေါ်ဒွန်ဘန့်ခ်က အံ့အားသင့်ဖွယ် ကာကွယ်ပေးခဲ့တာပါ။ ပီလီရဲ့ အားပါတဲ့ မြေထောက်ခေါင်းတိုက်ချက်ကို ဂေါ်ဒွန်ဘန့်ခ်က ပုတ်ထုတ်နိုင်ခဲ့ပြီး အဲဒီကာကွယ်မှုဟာ ရာစုနှစ်တစ်ခုအတွင်း အကောင်းဆုံးကာကွယ်မှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ ဂေါ်ဒွန်ဘန့်ခ်ဟာ အင်္ဂလန်အသင်းရဲ့ နံပါတ် (၁) ဂိုးသမားနေရာကို (၄) နှစ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို (၆) နှစ်တိုင်တိုင် ဆွတ်ခူးခဲ့သူပါ။

ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂေါ်ဒွန်ဘန့်ခ်ဟာ စတုတ်စီးတီး၊ လက်စတာအသင်းတွေအတွက် ပွဲပေါင်း (၆၀၀) ကျော် ကစားခဲ့ပြီး လက်စတာအသင်းနဲ့တစ်ကြိမ်၊ စတုတ်စီးတီးအသင်းနဲ့တစ်ကြိမ် အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့သူပါ။ ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်တဲ့ သတင်းထွက်ပေါ်လာချိန်မှာ ဘောလုံးရပ်ဝန်းရဲ့ အထင်ကရ ကစားသမားတွေက ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။

Save of the Century ရုပ်သံဖိုင်လင့်ခ် – https://bit.ly/2GAjhoK

Nz (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top