COVID-19ကြောင့် “Mulan” ဇာတ်ကားအပါအဝင် နာမည်ကြီးဇာတ်ကားတွေရဲ့ရုံတင်ရက် အပြောင်းအလဲဖြစ်ခဲ့

6-4-2020-yyl-020.jpg

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဖြစ်ပွားလိုက်တဲ့အတွက် ထွက်ရှိလာတော့မယ့် ဇာတ်ကားတွေရဲ့ ရုံတင်ရက်တွေဟာ နဂိုသတ်မှတ်ထားတဲ့ရက်ကနေ ရွေ့ဆိုင်းလိုက်ရပါတယ်။ ဇာတ်ကားတော်တော်များများကို ရုပ်ရှင်ချစ်ပရိသတ်တွေက ကြည့်ရှုရဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် ရုံတင်မဲ့ရက်တွေ အပြောင်းအလဲဖြစ်သွားတာကြောင့် ထပ်ပြီးစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေ စောင့်ဆိုင်းနေတဲ့ဇာတ်ကားတွေ ရုံတင်မယ့်ရက်အပြောင်းအလဲတွေကို ထုတ်လုပ်ရေးအသီးအသီးက ထုတ်ပြောလိုက်ပါပြီ။

ပရိသတ်တွေ အစောင့်ကြီးစောင့်ခဲ့ရတဲ့ Mulan ဇာတ်ကားကို ဇူလိုင်လကျမှ Walt Disney Company က ထွက်ရှိမှာဖြစ်ပြီး marvel ရဲ့ Black Widow ကို နိုဝင်ဘာလမှာ ရုံတင်ပြသမှာဖြစ်တယ်လို့ ကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့ပါတယ်။ အခြားအပြောင်းအလဲတွေကြားမှာ Indiana Jones ဇာတ်ကားအသစ်ထွက်ရှိလာမှုကို တစ်နှစ်ကနေ ၂၀၂၂ခုနှစ် ဇူလိုင်လထိ Disney က ရွှေ့ဆိုင်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ရုံတွေ ပိတ်ထားရသလို ရုပ်ရှင်ထုတ်လုပ်ရေးတွေလည်း ရပ်နားထားရပါတယ်။ ရုပ်ရှင်ရုံတွေကို ဇူလိုင်လကုန်လောက်မှာ စီးပွားရေးပြန်လည်ပတ်ရမယ်လို့ ဟောလိဝုဒ်စတီဒီယိုတွေက မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့လက ရုံတင်ဖို့ စီစဉ်ထားတဲ့ Mulan ဇာတ်ကားကို ဇူလိုင်လ ၂၄ ရက်နေ့ကျမှ Disney က ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Paramount Pictures ထုတ်လုပ်ရေးက SpongeBob အန်နီမေးရှင်းဇာတ်ကားကို ဇူလိုင် ၃၁ ရက်နေ့ကို ရွှေ့ထားပါတယ်။ Warner Bros ကလည်း Wonder Woman 1984 ကို သြဂုတ် ၁၄ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။ အစကတော့ စကားလတ် ဂျိုဟန်ဆန် ပါဝင်သရုပ်ဆောင်ထားတဲ့ Black Widow ကို နွေရာသီ မေလ (၁) ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ Marvelရဲ့ The Eternals ထွက်ရှိမယ့် ရက်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ The Eternals ကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကို ရွှေ့ဆိုင်းလိုက်ပါပြီ။ အခြား Marvel ဇာတ်ကားများစွာကိုလည်း လအနည်းငယ်ရွှေ့ဆိုင်းခဲ့ပါတယ်။

Shang-Chi and the Legend of the Ten Rings ဇာတ်ကားကို ၂၀၂၁ခုနှစ် မေလ ၂၁ ရက်နေ့ကို အချိန်ပြောင်းထားပါတယ်။ Doctor strange and the Multiverse ကတော့ ၂၀၂၁ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ဖြစ်သွားပါပြီ။ Thor: Love and Thunder ကလည်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ကျမှ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒွိန်းဂျွန်ဆန် ပါဝင်ထားတဲ့ Jungle Cruise ဇာတ်ကားကိုလည်း အခုနွေရာသီကနေ ၂၀၂၁ခုနှစ် ဇူလိုင် ၃၀ ကို ရွှေ့လိုက်ပါပြီ။ မိသားစုဇာတ်ကားဖြစ်တဲ့ Artemis Fowl ကို ရုံတင်ပြသဖို့စီစဉ်ခဲ့ပေမယ့် Disney နဲ့ Streaming Servide တို့ ပူပေါင်းပြီး ထုတ်လွှင့်မှာဖြစ်တယ်လို့ Disney က ပြောကြားထားပါတယ်။

Ref: Disney shuffles film releases such as ‘Mulan’ due to coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top