ညာဖက်နားအကြားအာရုံအတွက် ကုသမှုခံယူနေရတဲ့ BTS အဖွဲ့ဝင် V

v.jpg

ကမ္ဘာကျော်ကိုရီးယားအဖွဲ့ BTS ရဲ့အဖွဲ့ဝင် V ဟာ အကြားအာရုံဆုံးရှုံးလာနေတဲ့အတွက် ကုသမှုခံယူနေရပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေအကြောင်းကို ဩဂုတ်လ ၁၂ ရက်နေ့က Livestream မှာ ဖွင့်ဟခဲ့တာပါ။

သူ စစ်မှုထမ်းရတဲ့အချိန်မှာ အကြားအာရုံဆုံးရှုံးနေတာကို စပြီးသတိထားမိခဲ့တာလို့ ပြောပါတယ်။ ပထမကတော့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကြောင့်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းကျမှ သူ ပထမထင်ထားတာထက် ပိုပြင်းထန်လာတာကို နားလည်သွားခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာ စစ်မှုထမ်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လမှာ စစ်မှုထမ်းပြီးခဲ့တဲ့ V ဟာ လက်ရှိမှာ ဆေးသောက်နေရပြီး ဆေးရုံမှာ ပုံမှန်စစ်ဆေးမှုခံယူနေရတယ်လို့ ပရိသတ်တွေကို ပြောပါတယ်။ ဘယ်ဖက်နား ကြားရတာဟာ ၁၀၀% ဆိုရင် ညာဖက်နားက ၃၀% လောက်ပဲ ကြားရတယ်လို့ ပြောပါတယ်။

BTS အဖွဲ့ဟာ အဖွဲ့ဝင်တွေအကုန်လုံး စစ်မှုထမ်းပြီးတဲ့အထိ ခဏနားထားခဲ့တာပါ။ အကုန်လုံးပြီးသွားတဲ့နောက်မှာ The Arirang World Tour ကို စတင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ဧပြီလက World Tour စခဲ့ပြီး လော့စ်အိန်ဂျလိစ်၊ ဘူနော့စ်အေးရီးစ်၊ ဘန်ကောက်၊ စင်ကာပူ၊ လန်ဒန်၊ မက္ကဆီကိုနဲ့ ဟောင်ကောင်အပါအဝင် မြို့ကြီးတွေမှာ ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Ref: BTS’ V being treated for hearing loss

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top