အပန်းဖြေဥယျာဉ်တွေက ဝန်ထမ်း (၂၈,၀၀၀) ကို အလုပ်ထုတ်ဖို့ Disney စီစဉ်နေ

30-9-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေအထိနာကြတဲ့အပြင် အဲဒီစီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်လက်မဲ့ဖြစ်စေပါတယ်။ ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကနေ ပြန်လည်အဖတ်ဆယ်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ ဖလော်ရီဒါပြည်နယ်တွေက အပန်းဖြေဥယျာဉ်တွေရဲ့ ဝန်ထမ်း ၂၈၀၀၀ ကို အလုပ်နားစေမှာဖြစ်တယ်လို့ The Walt Disney က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

Disney World နဲ့ Disneyland တို့ကို နိုင်ငံတစ်ဝှမ်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် မတ်လကမှာ ပိတ်ထားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်နဲ့ ဖလော်ရီဒါပြည်နယ်တွေက ပြည်နယ်အာဏာပိုင်တွေကို စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ Disney က (၂) ပတ်တိုင်း ခန့်မှန်းချေ ဒေါ်လာ သန်း (၅၀၀) ဆုံးရှုံးခဲ့ရတယ်လို့ ဘဏ္ဍာရေးမှူးချုပ် ခရစ်တင်း မက်ကာသီ (Christine McCarthy) က မေလမှာ ပြောခဲ့တာပါ။ Disney World က ဇူလိုင်လမှာ လူဦးရေအကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့ပေမဲ့ Disneyland ကတော့ ပိတ်ထားဆဲပါပဲ။

ပိတ်ထားတဲ့ Disneyland တွေက ဝန်ထမ်းတွေကို အလုပ်နားစေတာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Disney Park ရဲ့ ဥက္ကဌ ဂျော့ချ် ဒီအာမာရို (Josh D’Amaro) ကပြောခဲ့ပါတယ်။ အလုပ်နားခံရတော့မယ့် အလုပ်သမား ၃ ပုံ ၂ပုံကတော့ အချိန်ပိုင်းအနေနဲ့အလုပ်လုပ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ “လွန်ခဲ့တဲ့လတော်တော်ကြာတုန်းက ကျွန်တော်တို့စီးပွားရေးအတွက် လိုအပ်တဲ့ညှိနှိုင်းဖြေရှင်းမှုတွေလုပ်ဖို့ ကျွန်တော်တို့ဖိအားပေးခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်က ခက်ခဲတဲ့အတွက် ကျွန်တော်တို့ လုပ်ဆောင်မယ့်အချက်တွေက အရင်အတိုင်းပြန်ဖြစ်တဲ့အခါကျရင် ပိုပြီးထိရောက်တဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ရပါတယ်”လို့ ဂျော့ချ်က ပြောပါတယ်။ ဝန်ထမ်းလျော့ချမှုမှာ ရှန်ဟိုင်းက Disney ထိပါမလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ဂျော့ချ်က မလွဲသာမရှောင်သာလို့ ဝန်ထမ်းလျော့ပေါ့ဖို့ကြိုးစားလုပ်ဆောင်ခဲ့ရတာပါ။ Disney ရဲ့ရှယ်ယာက အခုနှစ်မှာ ၁၃ ရာခိုင်နှုန်းလောက် ကျသွားခဲ့ပါတယ်။

ကပ်ရောဂါနဲ့ Social Distancing စည်းမျဉ်းတွေက Disney ရဲ့လုပ်ငန်းလည်ပတ်မှုမှာ ကြီးမားတဲ့ဆုတ်ယုတ်မှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီနဲ့ အလုပ်အမှုဆောင်တွေက အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဥယျာဉ်အလည်အပတ်လာရောက်သူအရေအတွက် ကန့်သတ်လိုက်ဖို့အတွက် Disney က ဇွန်လမှာ Disney Park Pass လို့ခေါ်တဲ အွန်လိုင်းကြိုတင်စာရင်းသွင်းတဲ့စနစ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံးနေ့မှာပဲ အလည်အပတ်လာချင်လို့ စာရင်းသွင်းတဲ့သူတွေ ပြည့်လျံခဲ့ပြီး အချိန်ခဏလေးနဲ့ လက်မှတ်ရောင်းကုန်သွားခဲ့ပါတယ်။ Disney ကို လာလည်တဲ့အခါ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေအားလုံးက သူတို့ရဲ့ကိုယ်အပူချိန်ကို တိုင်းတာပေးရပါတယ်။

ဧည့်သည်တွေက အစားစားတဲ့အချိန်ကလွဲလို့ Face Mask ကို ဝတ်ဆင်ထားရပါမယ်။ Disney World က တချို့ကစားရတဲ့နေရာတွေကတော့ ဆက်လက်ပိတ်ထားရပါတယ်။ စားသောက်ဆိုင်၊ စတိုးဆိုင်အပါအဝင် အခြားနေရာတွေကလည်း အကန့်အသတ်နဲ့ ပြန်ဖွင့်ထားရပါတယ်။ ကုမ္ပဏီက အလုပ်နားရတော့မယ့်ဝန်ထမ်းတွေအတွက် လျော်ကြေးငွေပေးသွားမှာဖြစ်ပေမဲ့ အားလုံးကိုတော့မဟုတ်ပါဘူး။ အလုပ်အစားထိုးလုပ်ခံထားတဲ့ အလုပ်သမားတွေကိုကူညီပေးဖို့အတွက် အခြားဝန်ဆောင်မှုတွေပေးသွားမယ်လို့လည်း Disney တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: CBSNews “Disney to lay off 28,000 theme park workers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top