အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့ကြတဲ့ ပရီရန်ကာ ​ချော်ပရာ နဲ့ နစ်ခ်ဂျိုနက်စ်

20-2-2022-yyl27.jpg

ပရီရန်ကာ ​ချော်ပရာနဲ့ နစ်ခ်ဂျိုနက်စ်တို့စုံတွဲဟာ သူတို့ရဲ့ပထမဆုံးကလေးကို အငှားကိုယ်ဝန်နဲ့ ပိုင်ဆိုင်လိုက်ရပါပြီ။ ၂၀၁၈ခုနှစ်မှာလက်ထပ်ခဲ့ကြတဲ့ ပရီရန်ကာနဲ့ နစ်ခ်တို့က မိဘတွေဖြစ်လာတော့မှာမို့ အပျော်လွန်နေကြတယ်လို့ ထုတ်ပြောရင်း ဒီသတင်းကို အင်စတာဂရမ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

“အငှားကိုယ်ဝန်ဆောင်တာကနေ ကလေးလေးရတော့မယ်ဆိုတာ သိရလို့ ကျွန်မတို့တွေ အပျော်လွန်နေပါတယ်။ ကျွန်မတို့ရဲ့မိသားစုအပေါ် အာရုံစိုက်ထားတဲ့အတွက် ဒီသီးသန့်အချိန်အတွင်း ပုဂ္ဂိုလ်ရေးကို လေးစားဖို့တောင်းဆိုပါတယ်” လို့ ပရီရန်ကာက အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

အရင်က ပရီရန်ကာဟာ ကလေးယူဖို့နဲ့ပတ်သက်ပြီး ပြောခဲ့ဖူးပါတယ်။ သူက ကလေးတွေကို အရမ်းချစ်တတ်ပြီး နောက်ဆယ်စုနှစ်အတွင်း ကလေးယူဖို့ စီစဥ်ထားတယ်။ အဲဒီထက်လည်း စောနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ကိုဗစ်ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် ပရီရန်ကာနဲ့ နစ်ခ်တို့က ၂၀၂၁ခုနှစ်မှာ အချိန်တော်တော်များများခွဲနေခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူတို့အတွက် အခြေအနေတွေ ခက်ခဲခဲ့တယ်လို့ ပရီရန်ကာက ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ပရီရန်ကာက ရုပ်ရှင်တွေရိုက်ကူးဖို့ လန်ဒန်မှာ ရောက်နေချိန် နစ်ခ်က အမေရိကန်မှာ ရှိနေခဲ့လို့ပါပဲ။

“ဒီနှစ်က တကယ်ခက်ခဲခဲ့တယ်။ တစ်နှစ်လုံး အိမ်ရဲ့အဝေးမှာ ရောက်နေရတဲ့အတွက် တကယ် တကယ်ကိုခက်ခဲတယ်။ အထူးသဖြင့် မိသားစုကို သွားတွေ့လို့မရတာပါပဲ” လို့ ပရီရန်ကာက ပြောပါတယ်။ မတွေ့ရတဲ့ရက်တွေများပေမဲ့ ပရီရန်ကာနဲ့နစ်ခ်တို့နှစ်ယောက်စလုံးက သူတို့ရဲ့ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်အပေါ် အချင်းချင်းနားလည်မှုရှိကြတယ်လို့ ဆိုပါတယ်။

Ref: AsiaOne “Priyanka Chopra and Nick Jonas welcome their first child via a surrogate”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top