ငါးဖမ်းပိုက်ကွန်နဲ့ ငြိပြီး ပါးစပ်မဟနိုင်အောင် ဖြစ်နေတဲ့ ဝေလငါးပြာကို ရေငုပ်သမားတွေ ကယ်တင်ပေးခဲ့

1-6-2022-yyl15.jpg

ငါးဖမ်းပိုက်ကွန်နဲ့ ရစ်ပတ်မိနေလို့ ပါးစပ်မဖွင့်နိုင်အောင် ဖြစ်နေတဲ့ ခေါင်းကြီး ဝေလငါးပြာတစ်ကောင်ကို စပိန်ရေငုပ်သမားတွေက အနှောင်အဖွဲ့ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ကြပါတယ်။ ၃၉ ပေ ရှည်လျားတဲ့ ခေါင်းကြီး ဝေလငါးပြာဟာ မာယော့ကာကျွန်း ကမ်းလွန်ဘက်မှာ တရားမဝင်ချထားတဲ့ ငါးဖမ်းပိုက်နဲ့ ငြိမိနေခဲ့တာပါ။

မာယော့ကာကျွန်း အရှေ့ဘက်ကမ်းရိုးတန်းကနေ ၃ မိုင်အကွာမှာ ငါးဖမ်းပိုက်နဲ့ ရစ်ပတ်မိနေတဲ့ ခေါင်းကြီးဝေလငါးပြာကို သင်္ဘောတစ်စင်းက တွေ့ရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ မာယော့ကာကျွန်းရဲ့ ရေသတ္တဝါကယ်ဆယ်ရေးစင်တာက သူ့ကို လွတ်မြောက်အောင် လုပ်ပေးဖို့ စတင်လှုပ်ရှားခဲ့ကြတာပါ။

လှေပေါ်ကနေ ပိုက်ကွန်ကို ဖြတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ရေငုပ်သမားတွေက ဝေလငါးရှိရာကို ရေငုပ်သွားပြီး ပိုက်ကွန်ကို ဖြတ်ခဲ့ကြတာပါ။” စစချင်း ၁၀ စက္ကန့်လောက်တော့ သူက လန့်နေတယ်။ အမြှုပ်တွေ အရမ်းထနေတာလေ။ နောက်တော့ သူ့ကို ကူညီဖို့လာတယ်ဆိုတာ သိသွားပုံပဲ။ ငြိမ်သွားတယ်။ အဲဒီတော့ ကျွန်မတို့လည်း သူ့ပါးစပ်ရှေ့တည့်တည့်ကနေ ကြိုးတွေဖြတ်လို့ ရသွားတယ်။

ကျွန်မတို့ ကြိုးတွေ ဖြတ်နေချိန်မှာ သူကလည်း အနှောင်အဖွဲ့ကနေ လွတ်အောင် ရုန်းနေတယ်” လို့ ရေနေသတ္တဝါတွေကို လေ့လာတဲ့ ဇီဝဗေဒပညာရှင် ဂျီဂျီတောရက်စ်က ပြောပါတယ်။ ပိုက်ကွန်ကနေ လွတ်မြောက်သွားချိန်မှာ ခေါင်းကြီး ဝေလငါးပြာက ရေငုပ်သမား ၄ ယောက်နဲ့အတူ ခဏကြာ နေခဲ့ပြီး ကျေးဇူးတင်တဲ့အမူအရာပြသကာ ကူးခတ်ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Ref: Sunnyskyz ” Divers Rescue Humpback Whale That Was Trapped In A Fishing Net”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top