တစ်နေ့ ဘယ်နှစ်ကြိမ်လောက် မျက်နှာသန့်စင်ပေးဖို့လိုမလဲ

9-3-2022-yyl10.jpg

ဘယ်နှစ်ကြိမ် မျက်နှာသန့်စင်ဖို့လိုလဲလို့မေးရင် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အဖြေက သူတို့ရဲ့အသားရေအမျိုးအစားနဲ့ မိတ်ကပ်လိမ်းတဲ့အလေ့အထပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မဘ်။ သင့်အသားရေကို သန့်စင်တဲ့အခါ တစ်သတ်မတ်တည်းထားပြီး လုပ်ဆောင်ရတဲ့နည်းတစ်မျိုးတည်းမရှိပါဘူး။ သင့်အသက်အရွယ်၊ ရာသီဉတုစတဲ့ အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး သင့်အသားရေကို ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသန့်စင်တာက လုံလောက်တယ်လို့ ယုံကြည်ထားပေမဲ့ တချို့လူတွေအတွက် ဒါက အလုပ်ဖြစ်ပေမဲ့ အခြားသူတွေအတွက် နှစ်ကြိမ်က မလုံလောက်သလို နှစ်ကြိမ်က များတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုဆောင်းပါးမှာ အသားရေပေါ်မူတည်ပြီး ဘယ်နှစ်ကြိမ် မျက်နှာသန့်စင်ဖို့လိုလဲဆိုတာကို မျှဝေပေးထားပါတယ်။

ခြောက်သွေ့တဲ့၊ ထိလွယ်ရှလွယ်တဲ့အသားရေဆိုရင်

ခြောက်သွေ့တဲ့အသားရေအပေါ် ရေထိလိုက်တာက အသားရေစိုစွတ်သွားသလို ခံစားရပေမဲ့ တကယ်တော့ ကောင်းတာထက်ပိုပြီး ဘေးဖြစ်စေနိုင်ပါတယ်။ သင့်အသားရေက ခြောက်သွေ့ပြီး ထိရှလွယ်လွန်းတယ်ဆိုရင် တစ်နေ့ ၂ ကြိမ် မျက်နှာသစ်တာက နီးမြန်းယားယံလွန်းစေတယ်လို့ သိပ္ပံနည်းအရ သိရပါတယ်။ မနက်ခင်းမှာ မျက်နှာသစ်ဆေးမပါဘဲ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်တာ အကောင်းဆုံးပါပဲ။ ညဘက်မှာတော့ နူးညံ့ပြီး အဆီပါဝင်တဲ့ထုတ်ကုန်တွေကို အသုံးပြုပေးတာက သင့်မျက်နှာကို မယားယံစေဘဲ အညစ်အကြေးတွေသန့်စင်စေနိုင်ပါတယ်။

အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့အသားရေဆိုရင်

သင့်အသားရေက အဆီပြန်ပြီး အလွယ်တကူ ဝက်ခြံပေါက်တဲ့အတွက် မျက်နှာကို ခဏခဏ သန့်စင်ပေးချင်တာ နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ၂ ကြိမ်ထက် ပိုပြီး သင့်မျက်နှာကို သန့်စင်ပေးတာက သင့်ရဲ့အားစိုက်မှုတွေကို ဖြုန်းတီးရာရောက်စေပါတယ်။ ဘာလို့လဲဆိုရင် အဆီ gland ထုတ်လုပ်မှုများစေပြီး ဝက်ခြံပိုထွက်စေပါတယ်။ မျက်နှာကို အရမ်းသန့်စင်မပေးဖို့တော့ သတိထားပေးပါ။

မိတ်ကပ်အထူကြီးလိမ်းထားရင်

မိတ်ကပ်လိမ်းထားရတာကိုက သင့်စိတ်ကို လန်းဆန်းစေတယ်မလား။ ဒါပေမဲ့ သင့်အရေပြားမှာ အလှအပထုတ်ကုန်‌တွေက စုပုံလာပြီး ချွေးပေါက်ပိတ်စေကာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်တင့်တဲ့မျက်နှာသန့်စင်ခြင်းက မိတ်ကပ်ဖယ်ရှားတဲ့အခါမှာ သော့ချက်ပါပဲ။ နေ့တိုင်း မိတ်ကပ်ဖျက်ပြီး မျက်နှာသန့်စင်ပေးတာက သင့်အသားရေကို အချိန်အကြာကြီး နုပျိုအောင် ကူညီပေးပါလိမ့်မယ်။

နေ့တိုင်းနီးပါး Gym ကစားတယ်ဆိုရင်

လှုပ်လှုပ်ရှားရှားနေတာက သင့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးဖို့နဲ့ သင့်ကို ခွန်အားတွေပြည့်ဖို့အတွက် အဓိကပါပဲ။ Workout မလုပ်ခင်နဲ့ လုပ်ပြီးနောက်မှာ မျက်နှာသန့်စင်ပေးတာကလည်း မမေ့လျော့သင့်တဲ့ အသားရေထိန်းသိမ်းနည်းပါပဲ။ Workout မလုပ်ခင် မျက်နှာသန့်စင်ပေးတာက ဘတ်တီးရီးယားနဲ့ မျက်နှာပေါ်က ချွေးတွေ၊ အရေပြားဆဲလ်အသေတို့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတဲ့ ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်။ Workout လုပ်ပြီး ချက်ခြင်း မျက်နှာသန့်စင်ပေးတာက ဝက်ခြံပေါက်စေနိုင်တဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

အသားရေက ရာသီဉတုအခြေအနေကြောင့် ပြောင်းလဲလာတယ်ဆိုရင်


ရာသီဉတုအခြေအနေကို လိုက်ပြီး အသားရေကို ထိန်းသိမ်းတက စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အသားရေပြဿနာတွေကို တားဆီးနိုင်ပြီး သင့်အသားရေကို အရေးကြောင်းကင်းစေပါလိမ့်မယ်။ ဆောင်းရာသီမှာဆိုရင် ဆောင်းရာသီနဲ့ကိုက်ညီတဲ့ အလှကုန်တွေ၊ နွေရာသီနဲ့ မိုးရာသီမှာဆိုရင်လည်း အဲဒီရာသီတွေနဲ့ ကိုက်ညီတဲ့ အလှကုန်တွေကို ရွေးချယ်အသုံးပြုပေးဖို့လို့ပါတယ်။ ဆောင်းရာသီမှာ တစ်နေ့ တစ်ကြိမ် မျက်နှာကို သေချာသန့်စင်ပေးတာအကောင်းဆုံးပါပဲ။ ကျန်တဲ့ရာသီတွေမှာဆိုရင်တော့ တစ်နေ့ ၂ ကြိမ် မဖြစ်မနေ မျက်နှာသန့်စင်ပေးသင့်ပါတယ်။

Ref: Brightside “How Often You Need to Wash Your Face, According to Science”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top