ဂိမ်းကစားသူ (Gamer) တွေမှာရှိတတ်တဲ့ အားသာချက်များ

bigstock-technology-gaming-entertainm-125893763-1.jpg

တကယ်တော့ ဂိမ်းကစားတယ်ဆိုတာ အပျော်သတ်သတ်အတွက်ချည်းမဟုတ်ပါဘူး။ ယူတတ်မယ်ဆို တခြားအကျိုးရှိတာတွေကိုလည်း အများကြီးရနိုင်ပါတယ်။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂိမ်းဆော့ခြင်းမှာ ကောင်းကျိုးတွေ ရှိနေပါတယ်။ ကိုယ့်ဘဝကိုယ်တိုးတက်အောင် လုပ်ချင်တဲ့သူတိုင်း ဂိမ်းတစ်ခုတလေကစားပေးသင့်တယ်လို့တောင် ဆိုရမှာပါပဲ။ ဒီလိုဆို ဂိမ်းကစားခြင်းကနေရနိုင်တဲ့ အကျိုးတရားတချို့ကို စူးစမ်းကြည့်လိုက်ကြရအောင်ပါ။

ဂိမ်းကစားတယ်ဆိုတာ အပျော်သတ်သတ်အတွက်ချည်းမဟုတ်ပါဘူး

၁။ အဓိကနဲ့ သာမညခွဲခြားတတ်ကြတယ်

ဂိမ်းကစားတဲ့သူတွေဟာ တခြားသူတွေထက် အာရုံစူးစိုက်မှုပိုအားကောင်းကြပြီး တစ်ခုဆိုတစ်ခုကောင်းကောင်း အာရုံစိုက်နိုင်ကြဆိုတာကို Rochester နဲ့ Wisconsin တက္ကသိုလ်နှစ်ခုလုံးက (၂၀၁၆) ခုနှစ်မှာ အထောက်အထားတွေနဲ့တကွ ထုတ်ပြန်ထားကြပါတယ်။

၂။ ဆက်ဆံရေးကောင်းကြတယ်

လူကြားထဲမှာလိုက်လျောညီထွေပိုရှိပြီး ဆက်ဆံရေးပိုကောင်း

လူငယ်တွေကြားထဲမှာဆိုရင်လည်း Gamer လေးတွေက ဂိမ်းတစ်ခါမှမကစားဖူးသူ (သို့) သုံးနာရီတောင်ပြည့်အောင်မကစားဖူးသူတွေထက် လူကြားထဲမှာလိုက်လျောညီထွေပိုရှိပြီး ဆက်ဆံရေးပိုကောင်းကြကာ သွက်သွက်လက်လက်နဲ့ လူတောပိုတိုးတယ်လို့ဆိုပါတယ်။

၃။ ဆုံးဖြတ်ချက်မြန်ဆန်တယ်

အမှန်ကန်ဆုံးနဲ့ အတိကျဆုံး ဆုံးဖြတ်နိုင်ကြသူတွေလို့ ဆို

ဂိမ်းကစားသူတွေဟာ မကစားတဲ့သူတွေထက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပိုမြန်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ Action Gamer တွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တခြားသူတွေထက် ပိုမြန်ဆန်ကြသလို အမှန်ကန်ဆုံးနဲ့ အတိကျဆုံး ဆုံးဖြတ်နိုင်ကြသူတွေလို့ ဆိုပါတယ်။

၄။ ပြဿနာတွေကို အလွယ်လေးကိုင်တွယ်နိုင်တယ်

အာရုံစူးစိုက်နိုင်မှုနဲ့ အလွယ်တကူသိမြင်၊ နားလည်နိုင်မှုအားကောင်း

Gamer တွေဟာ အာရုံစူးစိုက်နိုင်မှုနဲ့ အလွယ်တကူသိမြင်၊ နားလည်နိုင်မှုအားကောင်းကြတဲ့အတွက် ဘယ်လိုပြဿနာမျိုးကိုမဆို အလွယ်တကူဖြေရှင်းနိုင်ကြကြောင်းကို Toronto တက္ကသိုလ်ကနေပြီး (၂၀၁၀) ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၅။ ထက်မြက်ကြတယ်

ပညာရပ်တစ်ခုခုကို လေ့လာသင်ယူတဲ့နေရာမှာလည်း လွယ်လွယ်ကူကူသင်ယူနိုင်ကြ

နောက်ဆုံးအနေနဲ့ Gamer တွေဟာ ဆုံးဖြတ်ချက်မြန်မြန်ချဖို့နဲ့ ဂိမ်းထဲကတာဝန်တွေကို ဘယ်လိုမြန်မြန်ဆန်ဆန်လုပ်ရမလဲဆိုတာ ကျင့်သားရနေပြီးသားမို့ ၎င်းတို့တွေဟာ ပညာရပ်တစ်ခုခုကို လေ့လာသင်ယူတဲ့နေရာမှာလည်း လွယ်လွယ်ကူကူသင်ယူနိုင်ကြပြီး ထက်မြက်ကြတယ်လို့ ဆိုပါတယ်။

Ref: Elitereaders “5 Reasons Gaming Helps You Become A Better Person”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top