ကားအရမ်းရှုပ်တဲ့နေရာမှာ ယောင်လည်လည်ဖြစ်နေတဲ့ကလေးကို ကူညီပေးခဲ့သူ

bus-driver-saves-child-from-traffic.jpg

မီလ်ဝါကီ (Milwaukee)မြို့ ဘတ်စ်ကားမောင်းသမား ဆယ်စီလီယား နေရှင်း ဂါနာ (Cecilia Nation-Gardner) က ပုံမှန်အချိန်ထက် (၂) မိနစ်နောက်ကျပြီး ခရီးတစ်ထောက်နားဖို့ ထွက်လာခဲ့ပါတယ်။ (၃၅) လမ်းနဲ့ Vliet လမ်းက ကားမှတ်တိုင်မှာ ရပ်လိုက်တဲ့အခါမှာ ဆယ်စီလီယားက  သူ သွားမယ့် လမ်းကြောင်းမှာ (၆) နှစ်အရွယ်ကလေးက ကားအရမ်းရှုပ်တဲ့လမ်းဆုံကို တစ်ယောက်တည်းဖြတ်သွားနေတာကို မြင်တွေ့လိုက်ရပါတယ်။

အဲဒီကောင်လေးက ကျောင်းကနေဆင်းလာရင်းနဲ့ ယောင်လည်လည်ဖြစ်ခဲ့ပြီး သူ့အနီးနားမှာ ကားတွေ လည်ပတ်သွားလာနေတဲ့အတွက် လမ်းမအလယ်ကို အန္တရာယ်များစွာနဲ့ လမ်းလျှောက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆယ်စီလီယားက ဟီးရိုးဆန်ဆန်ပဲ “အဲနားမှာ ရပ်လိုက်…ရပ်လိုက်”လို့ အော်ရင်းနဲ့ သူ့ရဲ့ဘတ်စ်ကားပေါ်ကနေ ကောင်လေးဆီကို ပြေးဆင်းလာခဲ့ပါတယ်။

အဲဒီနောက် ကောင်လေးရဲ့လက်ကို ကိုင်ပြီး “ရဲခေါ်နေတယ်..အဆင်ပြေလား၊ ဒါမှ အိမ်ကို ပြန်ပို့ပေးလို့ရမှာ”လို့ ပြောရင်း အန္တရာယ်ကင်းကင်းနဲ့ သူ့ကားဆီကို ပြန်လျှောက်လာခဲ့ပါတယ်။

Milwaukee Country Transit System ရဲ့CCTV ကင်မရာတွေက ဒီဖြစ်စဉ်တစ်ခုလုံးကို ရိုက်ထားမိလိုက်တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရောက်လာတဲ့အချိန်မှာ ကလေးကို သူ့ရဲ့မိဘတွေဆီ ပြန်ပို့မပေးခင် ဆယ်စီလီယားက ကောင်လေးရဲ့ဖိနပ်ကြိုးကို ချည်ပေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဆယ်စီလီယားက “ကျွန်မ ခါတိုင်းအချိန်လို ကားမှတ်တိုင်ကို ရောက်ခဲ့မယ်ဆိုရင် အဲဒီကလေးကို တွေ့ချင်မှာတွေ့ရမှာပါ။ ဘုရားက ဖန်တီးလိုက်တာပဲ”လို့ ပြောခဲ့ပါတယ်။

Ref: CBS News “Hero bus driver saves little boy from wandering into traffic”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top