ရစ်ချက်ဘာတစ္စတာဆိုတဲ့ အမျိုးသားဟာ ကျောက်ကပ်ပျက်စီးသွားတဲ့ ဇနီးဖြစ်သူအတွက် ၂၀၀၁ ခုနှစ်မှာ သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းကို လှူဒါန်းပေးခဲ့ပါတယ်။
နောက် ၄ နှစ်အကြာမှာတော့ ဇနီးဖြစ်သူက ရစ်ချက်ကို အိမ်ထောင်ရေးဖောက်ပြန်မှု၊ အိမ်တွင်းအကြမ်းဖက် ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ကွာရှင်းခွင့် တောင်းခဲ့ပြီး ရစ်ချက်ကတော့ ကွာရှင်းမယ်ဆိုရင် ” သူ့ ကျောက်ကပ်တစ်ခြမ်း ပြန်ပေးရင် ပေး၊ မပေးရင် ကန်ဒေါ်လာ ၁.၅ သန်းပေးဖို့ ” တရားရုံးမှာ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ တရားရုံးကတော့ ရစ်ချက်ရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဒီလိုတောင်းဆိုတာဟာ ပြစ်မှုဆိုင်ရာ စွဲချက်တင်ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
Ref: Doc Won’t Get Kidney Back From Estranged Wife
NZ ( ရိုးရာလေး)