တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က အငြင်းပွားစရာဖြစ်ခဲ့တဲ့ နှုတ်ခမ်းမွေးကို ရိပ်လိုက်ပြီ

30-7-2020-yyl-010-1.jpg

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကတော့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ သူ့ရဲ့နှုတ်ခမ်းမွေးကို ရိပ်ပစ်လိုက်ပါပြီ။ အ‌မေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဟာရီဟာရစ်ဟာ ဆိုးလ်မြို့ ဆံသဆိုင်မှာ နှုတ်ခမ်းမွေး ရိတ်ပစ်ခဲ့တာပါ။ နှုတ်ခမ်းမွေးထားတဲ့ ဟာရီဟာရစ်ရဲ့ ပုံစံဟာ ၁၉၁၀ ပြည့်နှစ်ကနေ ၁၉၄၅ နှစ်ကြားကာလအတွင်း တောင်ကိုရီးယားနိုင်ငံကို ကိုလိုနီအဖြစ် နယ်ချဲ့ခဲ့တဲ့ ဂျပန်ဘုရင်ခံရဲ့ပုံစံနဲ့တူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ သူ့ကို မြင်ရတာဟာ ကိုလိုနီခေတ်ရဲ့ နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ပြန်အမှတ်ရစေတယ်လို့ အခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ဟာရီဟာရစ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အရင်တုန်းကလည်း စစ်အသုံးစရိတ် ပိုသုံးဖို့ တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းခဲ့တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်စေခဲ့ဖူးပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံအတွက် စစ်ရေးနဲ့ စီးပွားရေးမှာ အဓိကကျတဲ့ မဟာမိတ်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နိုင်ငံစစ်သည် ၂၈၅၀၀ ဖြန့်ကျက်ထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top