ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါနဲ့ လက်မတင်လွတ်မြောက်ခဲ့တဲ့ မွမ်ဘိုင်းမြို့

4-6-2020-yyl-004.jpg

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ဟာ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါရဲ့ မုန်တိုင်းဗဟိုချက်နဲ့ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လူဦးရေထူထပ်တဲ့ မွမ်ဘိုင်းမြို့နားက အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ တိုက်ခတ်လို့ အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို သုံးသပ်လေ့လာနေဆဲပါပဲ။ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ ချဉ်းကပ်လာချိန်မှာ အိန္ဒိယနိုင်ငံ အရာရှိတွေက ကမ်းရိုးတန်းဒေသတစ်လျှောက်မှာရှိတဲ့ လူသောင်းချီကို မြေမြင့်ဒေသဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ လူနေအထူထပ်ဆုံးဖြစ်ပြီး လူဦးရေ သန်း ၂၀ ရှိတဲ့ မွမ်ဘိုင်းမြို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုလည်း ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ မွမ်ဘိုင်းမြို့ တောင်ဘက် မိုင် ၃၀ အကွာဖြစ်တဲ့ ရိုင်ဂတ်မြို့မှာ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းအရ ကမ်းခြေကို လှိုင်းလုံးကြီးတွေ ပုတ်ခတ်နေပြီး နေအိမ်ခေါင်မိုးတွေ ကျွတ်ထွက်ကုန်တာ တွေ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top